Saturday, December 1, 2018

ဆော်ဒါ နဲ့ ပိုတက် (အဆိပ်) မှားသောက်မိ၍ အမျိုးသားတဦး သေဆုံး

တွံတေးမြို့နယ်မှာ ဆော်ဒါ နဲ့ ပိုတက် (အဆိပ်) မှားယွင်းသောက်မိလို့ အမျိုးသားတဦး လူသေဆုံးခဲ့တယ်လို့ ပြည်ထဲရေးက သတင်းထုတ်ပြန်ပါတယ်။ 
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်၊ ခတ္တိယတိုက်နယ်ဆေးရုံမှာ နိုဝင်ဘာ ၁၉ ရက်ညက ပိုတက် (အဆိပ်) သောက်လို့ အမျိုးသားတဦး ရောက်ရှိနေကြောင်း သတင်းအရ ခတ္တိယရဲကင်းစခန်းမှ တပ်ဖွဲ့ဝင်တွေက သက်သေတွေနဲ့အတူ သွားရောက်စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။ 

အဆိုပါအမျိုးသားမှာ တွံတေးမြို့နယ်၊ ခတ္တိယကျေးရွာနေ ကိုမင်း(ခ)ငမင်း (၂၈) နှစ်ဖြစ်ပြီး ပိုတက်(အဆိပ်) သောက်လို့ ဆေးရုံမှာ ဆေးကုသမှုခံယူစဉ် သေဆုံးသွားတာပါ။ 

အစ်ကိုဖြစ်သူရဲ့ ပြောပြချက်အရ ကိုမင်း (ခ) ငမင်းဟာ အရက်မူးလွန်ကာ နေအိမ်ပြန်လာပြီးနောက် ဗိုက်အောင့်တယ်ဆိုပြီး ဆော်ဒါ နဲ့ ဗျိုင်းထောင်တဲ့ ပိုတက် (အဆိပ်) မှားယွင်းသောက်မိတာလို့ ဆိုပါတယ်။ 

ခလောက်ချိုက် နယ်မြေရဲစခန်း သေမှုသေခင်းအမှတ်စဉ် (၆/၂၀၁၈) နဲ့ ရေးဖွင့်စစ်ဆေးနေတယ်လို့ သိရပါတယ်။

DVB

0 comments:

Post a Comment