Saturday, December 1, 2018

ပြင်ဦးလွင်တွင် လောင်းကစားဂိမ်းစက်များနှင့် လူ ၅၂ ဦးကို ဖမ်းဆီး


မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့မှာ လောင်းကစားဂိမ်းစက်တွေနဲ့အတူ လူ ၅၂ ယောက်ကို ဖမ်းဆီးခဲ့တယ်လို့ ပြည်ထဲရေးက သတင်းထုတ်ပြန်ပါတယ်။ 
နိုဝင်ဘာလ ၂၉ ရက်နေ့ည ၉ နာရီလောက်မှာ မန္တလေးတိုင်းရဲတပ်ဖွဲ့ဝင်တွေ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့က ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး (၁၀) ဌ/၂၄ရှိ တင်လင်းအေး (ခ) အားပါရဲ့ လောင်းကစားနေအိမ်ကို ဝင်ရောက်ရှာဖွေရာကနေ ဖမ်းဆီးမိခဲ့တာပါ။ 

သူနဲ့အတူ ဂိမ်းစက်ဝန်ထမ်း ၄ ဦး၊ လောင်းကစားနေတဲ့ ၄၈ ဦးတို့ကို လောင်းကစားဂိမ်းစက် ၄ လုံးနဲ့ ဆက်စပ် ပစ္စည်းတွေ၊ ငွေစာရင်းမှတ်တဲ့ စာအုပ် ၆ အုပ်၊ “ပိုက်ဆံပေးမှ အမှတ် ထည့်မည်နှင့် ၅ သိန်းရှုံးပါက အချိန် ၁ နာရီ ပိတ်သည်” စာသားများပါ ဗွီနိုင်း/စက္ကူဆိုင်းဘုတ် ၃ ခု၊ လက်ကိုင်ဖုန်း ၁၇ လုံး၊ ဆိုင်ကယ် ၂၄ စီး၊ ငွေ ၁,၀၁၄,၈၀၀ ကျပ်တို့နဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။ 

တင်လင်းအေးကို ပြင်ဦးလွင် မြို့မရဲစခန်း (ပ) ၆၅၁/၂၀၁၈၊ လောင်းကစားဥပဒေပုဒ်မ ၁၃(က)/ ၁၄(က) နဲ့ အမှုဖွင့်စစ်ဆေးနေတယ်လို့ သိရပါတယ်။

DVB

0 comments:

Post a Comment