Saturday, December 1, 2018

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်တွင် သာသနာတော် သန့်ရှင်းရေးဆောင်ရွက်မရဟု သူရဦးအောင်ကိုပြော


၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တရားဥပဒေစိုးမိုးရေးတာဝန်ရှိအဖွဲ့အစည်းများကို အစိုးရက ရာနှုန်းပြည့်အမိန့်ပေးပိုင်ခွင့်မရှိသဖြင့် သာသနာတော်သန့်ရှင်းရေးကို ယင်းအခြေခံဥပဒေ ပြင်ဆင်နိုင်မှသာ ဆောင်ရွက်နိုင်မည်ဟု သူရဦးအောင်ကိုက ပြောသည်။ 

ရန်ကုန်မြို့ ကမ္ဘာအေးစေတီ တော်တွင် နိုဝင်ဘာ ၃၀ ရက်က ပြုလုပ်သည့် သတ္တမအကြိမ် နိုင်ငံ တော် သံဃမဟာနာယကအဖွဲ့ ၄၇ ပါးစုံညီအဋ္ဌာရသမအစည်းအ ဝေးအပြီးတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီးက မီဒီယာများ အား ပြောကြားခဲ့သည်။ 

‘‘ကျွန်တော်တို့ ၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေက တရား ဥပဒေစိုးမိုးရေးအတွက် တာဝန်ရှိ တဲ့ အုပ်ချုပ်ရေးအဖွဲ့အစည်းတွေ ရဲတပ်ဖွဲ့တွေကို အစိုးရကနေပြီး တော့မှ ရာနှုန်းပြည့်ကွပ်ကဲအမိန့် ပေးပိုင်ခွင့်မရှိဘူး။ သာသနာ တော်သန့်ရှင်းရေးကြီးက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက် မှာ လုပ်လို့မရဘူး။ အဲဒီဥပဒေ ပြင်နိုင်မှ သာလျှင် လုပ်လို့ရပါ တယ်’’ ဟု ဝန်ကြီးသူရဦးအောင်ကို က ပြောသည်။ 

ထို့အပြင် သံဃာများကိုယ် တိုင်ကားမောင်းခြင်း၊ ဆိုင်ကယ် မောင်းနှင်ခြင်းတို့ ပြုလုပ်ပါက အရေးယူဆောင်ရွက်မည် ဖြစ် ကြောင်း သူရဦးအောင်ကိုက ပြောသည်။ 

‘‘ကျွန်တော်တို့ စတင် အရေး ယူနေပါပြီ။ သံဃာတော်တွေ ကိုယ်တိုင် ကားမောင်း၊ ဆိုင်ကယ် မောင်းလို့ မတော်တဆတွေဖြစ်ပြီး ပျံလွန်တော်မူကြတယ်။ ဒီကိစ္စကို ကျွန်တော်တို့တွေ့ရှိရင် အရေးယူပြီး တစ်ခါတည်းတရားရုံးတန်းလွှဲ တယ်’’ဟု ၎င်းက ပြောသည်။ 

ထို့အပြင် ရထားဘူတာရုံ၊ အဝေးပြေးကားဂိတ်၊ လက်ဖက် ရည်ဆိုင်နှင့် စားသောက်ဆိုင်များ တွင် အချိန်အခါမဟုတ် အလှူခံ ခြင်းတို့ကို ဣနြေ္ဒကင်းမဲ့စွာပြုလုပ် နေသော ရဟန်းသာမဏေများ တစ်စတစ်စ တိုးပွားလာနေ ကြောင်း ကြားသိရသဖြင့် အဆိုပါ ရဟန်းသာမဏေ၊ သီလရှင်များ ကို ကြိုတင်နှိမ်နင်းမှုမပြုနိုင်ပါက အဆမတန် တိုးပွားများပြားလာ နိုင်သောကြောင့် ကြပ်မတ်ဆောင် ရွက်နိုင်ရေး တိုင်းဒေသကြီး၊ ပြည် နယ်သံဃနာယကအဖွဲ့၊ မြို့နယ် သံဃနာယကအဖွဲ့များထံ ညွှန် ကြားသင့်ကြောင်း သံဃမဟာနာ ယကအဖွဲ့ ၄၇ ပါးစုံညီ အဋ္ဌာရ သမအစည်းအဝေးတွင် ပြည် ထောင်စုဝန်ကြီးက လျှောက်တင် ခဲ့သည်။ 

‘‘သာသနာသန့်ရှင်းရေးကို လုပ်မယ်ဆိုရင် သံဃမဟာနာယ ကအဆင့်ဆင့်နဲ့ လုပ်လို့မရသေး ပါဘူး။ သာသနာရေးဝန်ကြီးဌာန က ဝန်ထမ်းများကလည်း နည်းတဲ့ အတွက် သန့်ရှင်းရေးလုပ်လို့မရ ပါဘူး။ ဒါတွေကို စီမံချက်နဲ့လုပ် မယ်ဆိုရင် ဒေသအလိုက် အုပ် ချုပ်ရေးအဖွဲ့တွေရဲ့စိတ်ပါလက် ပါပူးပေါင်းဆောင်ရွက်မှုတွေ လို အပ်ပါတယ်’’ဟု ပြည်ထောင်စု ဝန်ကြီးက ပြောသည်။ 

၁၉၈၀ ပြည့်နှစ်က သာသ နာတော်တည်တံ့ထွန်းကားပြန့် ပွားရေး ပထမအကြိမ် ဂိုဏ်းပေါင်းစုံသံဃာ့အစည်းအဝေး ဆောင် ရွက်နိုင်ခဲ့ကြောင်း ဝန်ကြီးက ပြောသည်။ ထို့အပြင် ဗုဒ္ဓဘာသာ သာသနာတော်ကြီး အထိုက်အ လျောက် တည်တံ့နေခြင်းမှာ အစိုးရ၊ သံဃာ့အဖွဲ့အစည်းနှင့် ဥပဒေစိုးမိုးရေးကို အကောင်အထည် ဖော်ရမည့် ပြည်ထဲရေးတို့ စိတ်တူကိုယ်တူ ပြုလုပ်ခဲ့၍ အောင်မြင် ခြင်းဖြစ်ကြောင်း သူရဦးအောင် ကိုက ပြောသည်။

7Day 

0 comments:

Post a Comment