Saturday, December 1, 2018

မြန်မာ-နီပေါ နှစ်နိုင်ငံကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု သဘောတူစာချုပ် ပထမဆုံးအကြိမ် လက်မှတ်ထိုး ဒေါ်အောင်ဆန်းစုကြည် အကြောင်းကို နီပေါကျောင်းသုံး ကိုးတန်းစာအုပ်တွင် ဖော်ပြသင်ကြား


နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် နီပေါဝန်ကြီးချုပ် အိုလီတို့ ရှေ့ မှောက်တွင် နှစ်နိုင်ငံကုန်သွယ် ရေးနှင့် ရင်းနှီးမြှုပ်နှံမှု သဘောတူ စာချုပ်ကို ယမန်နေ့က လက်မှတ် ရေးထိုးခဲ့သည်။ 
မြန်မာ-နီပေါ နှစ်နိုင်ငံ အကြား အထက်ပါသဘောတူစာ ချုပ်သည် ပထမအကြိမ် ချုပ်ဆို ခြင်းဖြစ်ပြီး အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကျော်တင်နှင့် နီပေါနိုင်ငံခြား ရေးဝန်ကြီးတို့က နှစ်နိုင်ငံကိုယ် စား အသီးသီးလက်မှတ်ရေးထိုး ခြင်းဖြစ်သည်။ယင်းနောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် နီပေါဝန် ကြီးချုပ်သည် နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်ရေး ကိစ္စရပ်များ ဆွေးနွေးသည်။ 

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့် တွေ့ဆုံစဉ် နီပေါဝန်ကြီးချုပ် အိုလီသည် နီပေါနိုင်ငံအစိုးရ ကျောင်းသုံး ကိုးတန်းပြဋ္ဌာန်းစာအုပ်တွင် ဒေါ်အောင်ဆန်းစုကြည်၏အကြောင်း ဖော်ပြထားကြောင်း ပြောကြားပြီး ပြဋ္ဌာန်းစာအုပ် လက်ဆောင်ပေးခဲ့သည်။ ‘‘မှန်ပါတယ်။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးအတွက် ဦးဆောင်ကြိုးပမ်းနေသူတစ်ဦးအဖြစ် ဖော်ပြထားတာဖြစ်ပါတယ်’’ ဟု နီပေါခရီးစဉ်တွင် လိုက်ပါသွားသည့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ နိုင်ငံရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစိုးဟန်က 7Day Daily သတင်းစာအား ပြောသည်။ 

ထို့အပြင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်သည် ယမန်နေ့ နံနက်တွင် သမ္မတအိမ်တော်၌ နီပေါသမ္မတ မစ္စစ်ဘီဒယာဒီဗီဘန်ဒရာနှင့် တွေ့ဆုံပြီး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များ ဆွေးနွေးခဲ့သည်။ 

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ယမန်နေ့ညနေတွင် အာရှ-ပစိဖိတ် ထိပ်သီးအစည်း အဝေး-၂၀၁၈ သို့ တက်ရောက် လာသည့် နိုင်ငံ့အကြီးအကဲများ၊ အစိုးရ အကြီးအကဲများနှင့်အတူ ညစာစားပွဲ တက်ရောက်ခဲ့သည်။


7Day

0 comments:

Post a Comment