Saturday, December 1, 2018

အစွန်းရောက်ဘာသာတရားတစ်ခုဟု ဝန်ကြီး သူရဦးအောင်ကို သုံးနှုန်းမှု သာသနာရေးဝန်ကြီးဌာန ရှင်းလင်း

သာသနာရေးနှင့် ယဉ် ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန် ကြီး သူရဦးအောင်ကိုက အစွန်း ရောက်ဘာသာတရားတစ်ခုဟု သုံး နှုန်းခဲ့ခြင်းသည် ဘာသာအသီးသီး၏ ဘာသာရေးအယူအဆပြင်းထန်သူများကို ညွှန်းဆိုသုံးနှုန်းခြင်းဖြစ်ကြောင်း အဆိုပါဝန်ကြီးဌာနက ပြန်လည်ရှင်း လင်းသည်။ 
ဘားအံမြို့တွင် နိုဝင်ဘာ ၂၇ ရက်က ကျင်းပသည့် မြိုင်ကြီး ငူဆရာတော်၏ အန္တိမအဂ္ဂိဈာပန အခမ်းအနား၌ ဆရာတော်ကြီး များအား သာသနာရေးဆိုင်ရာ ကိစ္စရပ်များ လျှောက်ထားစဉ် ထည့်သွင်းသုံးနှုန်းခဲ့သည့် စကား ရပ်နှင့် ပတ်သက်၍ ယမန်နေ့က ထုတ်ပြန်ရှင်းလင်းခြင်းဖြစ်သည်။ 

ဆရာတော်ကြီးများထံ လျှောက်ထားစဉ် သူရဦးအောင် ကိုက ‘‘တပည့်တော်တို့က တစ် လင်တစ်မယားစနစ်နဲ့ သားသမီး တစ်ယောက်၊ နှစ်ယောက် ယူနေ တဲ့အချိန်မှာ အစွန်းရောက်ဘာ သာကြီးတစ်ခုက ဇနီးမယား သုံး၊ လေးယောက်ယူပြီးတော့မှ သား သမီး ၁၅ ယောက်၊ ၂၀ မွေးဖွား နေတဲ့အချိန်မှာ နောင်နှစ် သုံး၊ လေး၊ ငါးဆယ်ကာလကြာမြင့်ရင် ဒီပြည်ထောင်စုကြီးမှာ ဗုဒ္ဓဘာသာကိုးကွယ်တဲ့ မြန်မာတိုင်းရင်းသား များက လူနည်းစုဖြစ်သွားမှာ သေ ချာနေပါတယ်ဘုရား’’ဟု ထည့်သွင်းလျှောက်ထားခဲ့သည်။ 

ထိုသို့ လျှောက်ထားမှုအပေါ် အစ္စလာမ်ဘာသာရေးအဖွဲ့အ စည်းအချို့က ကန့်ကွက်ကြောင်း ထုတ်ပြန်ထားသည်။ အစွန်း ရောက် ဘာသာတရားတစ်ခုဟုသုံးနှုန်းခြင်းသည် မြန်မာနိုင်ငံအတွင်းရှိ ဘာသာတရားတစ်ခုကို ရည်ညွှန်းခြင်းဖြစ်၍ မည်သည့်ဘာသာ ကို ရည်ညွှန်းသည်ဖြစ်စေ ကန့်ကွက်ကြောင်း ရန်ကုန်မြို့အခြေစိုက် ကုရ်အာန်အသိပညာပြန့်ပွားရေးအဖွဲ့က နိုဝင်ဘာ ၂၈ ရက်တွင် ထုတ်ပြန်သည်။ 

ထို့အပြင် ပြည်တွင်း၊ ပြည်ပ အစ္စလာမ်ဘာသာဝင်များ စုပေါင်းဖွဲ့စည်းထားသည့် Burmese Muslim Association ကလည်း ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၏ ပြောကြားချက် အပေါ် ရှုတ်ချကြောင်းနှင့် အရေး ယူပေးရန် တောင်းဆိုကြောင်း ယမန်နေ့တွင် ထုတ်ပြန်သည်။ 

အစွန်းရောက် ဘာသာဝင် များကြောင့် လာမည့်နှစ် ၃၀၊ ၄၀၊ ၅၀ အတွင်း မြန်မာနိုင်ငံတွင် ဗုဒ္ဓ ဘာသာဝင်များ လူနည်းစုဖြစ်လာ မည်မှာ သေချာကြောင်း ပြော ကြားမှုသည် အစ္စလာမ်ဘာသာ ဝင်များကို ဗုဒ္ဓဘာသာဝင်များက စက်ဆုပ်မုန်းတီးကြောက်ရွံ့လာ စေရန် လူသိရှင်ကြား လှုံ့ဆော် ပြောကြားခြင်းဖြစ်ကြောင်း Burmese Muslim Association က ပြင်း ထန်စွာ ဝေဖန်သည်။ 

ပြည်ထောင်စုဝန်ကြီး ပြော ကြားမှုကို အရေးမယူပါက လက်ရှိအစိုးရ၏ မူဝါဒအဖြစ် ကမ္ဘာသိ အောင် ကြေညာမည်ဟု ယင်း အဖွဲ့ ထုတ်ပြန်ချက်တွင် ပါရှိ သည်။ 

သာသနာရေးနှင့် ယဉ်ကျေး မှုဝန်ကြီးဌာန ထုတ်ပြန်ချက် တွင်မူ ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်နေချိန်တွင် ခေတ်အ ဆက်ဆက် ငြိမ်းချမ်းစွာ လက်တွဲလာသည့် လူမျိုးများ၊ ဘာသာဝင် များကြား နားလည်မှုလွဲမှားစေပြီးပဋိပက္ခအသွင်ဆောင်သော အ မုန်းစကားများကို လူမှုကွန်ရက် အင်တာနက်စာမျက်နှာ၊ ဆိုရှယ် မီဒီယာများမှတစ်ဆင့် သွေးထိုးလှုံ့ ဆော်၍ အကြမ်းဖက်အသွင်ကူး ပြောင်းရောက်ရှိအောင် ဖန်တီး နေကြောင်း ဖော်ပြသည်။ ဝန်ကြီး ဌာနအနေဖြင့် မည်သည့်လူမျိုး၊ ဘာသာကိုမျှ ခွဲခြားဆက်ဆံမှုမရှိ ဘဲ ငြိမ်းချမ်းရေးအတွက် ကြိုးပမ်း ဆောင်ရွက်နေသည်ဟု ဆိုသည်။ 

ထို့ကြောင့် ပြည်ထောင်စု ဝန်ကြီး ပြောကြားသည့် စကားလုံး အသုံးအနှုန်းအပေါ် သည်းခံနား လည်၍ အဓိပ္ပာယ်ကောက်ယူရန် ဆက်လက်ဖော်ပြသည်။ 

ထို့အပြင် ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် မလိုလားအပ် သော ပြဿနာများ မဖြစ်ပွားစေ ရေး အတူတကွ ဆက်လက်ရပ် တည်၍ ပူးပေါင်းဆောင်ရွက်ရန် မေတ္တာရပ်ခံကြောင်း ဝန်ကြီးဌာန က ထုတ်ပြန်သည်။ 

သာသနာရေးနှင့် ယဉ်ကျေး မှုဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဦးအောင်ဆန်းဝင်းက ပြည်ထောင်စုဝန်ကြီးနှင့် ပတ်သက်သည့် ထုတ်ပြန်ချက်များကို ၎င်းအနေဖြင့် မသိရှိသေးကြောင်း ယမန်နေ့ ညက ပြောသည်။ 

‘‘သီးခြား ထင်မြင်ချက်ပေး စရာမရှိပါဘူး။ ကျွန်တော်တို့ ထုတ်ပြန်ထားတဲ့အတိုင်းပါပဲ’’ဟု ၎င်းက ဆိုသည်။

7Day

0 comments:

Post a Comment