Saturday, December 1, 2018

(၁၂)နှစ်အောက် မိန်းကလေးများကို မုဒိမ်းမှုကျူးလွန်ပါက ထောင်တစ်သက်လွတ်ရက်မရှိ ပြစ်ဒဏ်ချမှတ်နိုင်မည့်ဥပဒေကြမ်း လွှတ်တော်အတည်ပြု

အသက်(၁၂)နှစ် အောက် မိန်းကလေးများကို မုဒိမ်း မှုကျူးလွန်ပါက ထောင်ဒဏ်နှစ် ၂၀မှ ထောင်ဒဏ်တစ်သက် လွတ်ရက်မရှိ ချမှတ်နိုင်မည့်ဥပဒေ ကြမ်းကို ယမန်နေ့က ကျင်းပသည့် အမျိုးသားလွှတ်တော်တွင် အတည်ပြုခဲ့သည်။ 
ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၆ ၏ပြစ်မှုပြစ်ဒဏ်များကို တိုး မြှင့်ထားသည့် ရာဇသတ်ကြီးဥပ ဒေကို ဒုတိယအကြိမ် ပြင်ဆင် သည့် ဥပဒေကြမ်းအား ပဲခူးတိုင်း ဒေသကြီးမဲဆန္ဒနယ် အမှတ်(၁၂) အမျိုးသားလွှတ်တော်ကိုယ်စား လှယ် ဦးအောင်သိန်းက တင်သွင်းခဲ့သည်။ 

တရားစီရင်ရေးဆိုင်ရာ သတ်မှတ်ချက်များအရ ထောင် ဒဏ်တစ်သက်လွတ်ရက်မရှိ ပြစ် ဒဏ်ချမှတ်ခံရပါက နိုင်ငံတော် သမ္မတ၏လွတ်ငြိမ်းချမ်းသာခွင့်မှ အပ အခြားလျှော့ပေါ့မှုများကို ခံစားခွင့်ရှိမည် မဟုတ်ကြောင်း ဦးအောင်သိန်းက ရှင်းပြသည်။ 

‘‘ဒါက ထောင်ဒဏ်တစ် သက်နဲ့မတူဘူး။ လွတ်ရက်မရှိတဲ့ သဘောသက်ရောက်တယ်။ သူ က လျှော့ရက်မပါတော့ဘူး’’ ဟု တရားလွှတ်တော်ရှေ့နေလည်း ဖြစ်သူ ၎င်းက ပြောသည်။ 

အသက်(၁၂)နှစ်အောက် မိန်းကလေးများအား မုဒိမ်းမှုကျူး လွန်သူကို သေဒဏ်ချမှတ်ရန် တပ်မတော်သားကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီးအောင်ထွန်းလင်း က ဆွေးနွေးသော်လည်း မဲခွဲဆုံး ဖြတ်မှုတွင် ရှုံးနိမ့်ခဲ့သည်။ 

လူ့အခွင့်အရေး စံနှုန်းများ နှင့် ကိုက်ညီစေရန် အထူးသုံးသပ် ရမည်ဖြစ်၍ သေဒဏ်ထည့်သွင်း ဖော်ပြရန်မသင့်ကြောင်း အမျိုး သားလွှတ်တော် ဥပဒေကြမ်း ကော်မတီက မှတ်ချက်ပေးသည်။ ထိုသို့ သဘောထားကွဲလွဲမှုအပေါ် စက်ခလုတ်နှိပ် မဲခွဲဆုံးဖြတ်ရာ ထောက်ခံသူ ၁၀၅ ဦး၊ ကန့်ကွက် သူ ၆၄ ဦး၊ ကြားနေငါးဦးရှိ၍ ဥပဒေကြမ်းကော်မတီ သဘော ထားအတည်ဖြစ်ခဲ့သည်။ 

အမျိုးသားလွှတ်တော်၏ အတည်ပြုချက်သည် သက်ငယ် မုဒိမ်းမှု ကျူးလွန်သူများကို အရေး ယူနိုင်ရန် ပြစ်ဒဏ်တိုးမြှင့်ပြဋ္ဌာန်း ခြင်းဖြစ်၍ ကြိုဆိုကြောင်း ဥပဒေ ရေးရာ ကုစားရေးအဖွဲ့(မြန်မာ) ဒါရိုက်တာတရားလွှတ်တော်ရှေ့နေ ဒေါ်လှလှရီက မှတ်ချက်ပြုသည်။ 

‘‘သက်ငယ်မုဒိမ်းမှုတွေကို သေဒဏ်ပေးရုံနဲ့ ဒီကိစ္စတွေက ထိထိရောက်ရောက် တားမြစ်နိုင် မယ်လို့ ပြောလို့မရဘူး။ အခု ပြစ် ဒဏ်ကတော့ ထောင်ထဲမှာ တစ် သက်လုံးနေရမှာ ဖြစ်တဲ့အတွက် အတိုင်းအတာတစ်ခုအထိ ကာ ကွယ်ပေးနိုင်ပါလိမ့်မယ်’’ဟု ၎င်း က ပြောသည်။ 

သို့သော် အသက်(၁၂)နှစ် အရွယ် မိန်းကလေးများဟု သတ် မှတ်ထားခြင်းအစား (၁၆)နှစ်အရွယ် မိန်းကလေးများကို မုဒိမ်းမှု ကျူးလွန်သူများအား ထောင်ဒဏ် နှစ် ၂၀ (သို့မဟုတ်) ထောင်ဒဏ် တစ်သက်လွတ်ရက်မရှိ ချမှတ် ရန် ပြဋ္ဌာန်းသင့်ကြောင်း ဒေါ်လှလှရီက အကြံပြုသည်။ 

အလားတူ ပြင်ဆင်ပြဋ္ဌာန်းနိုင်ရန် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် နော်လှလှစိုးက လွှတ်တော်တွင် ဆွေးနွေးခဲ့သော်လည်း မဲခွဲဆုံးဖြတ်ရာ၌ အနိုင်မရရှိပေ။ 

ရာဇသတ်ကြီးပုဒ်မ ၃၇၆ အပိုဒ်ခွဲ(၃)တွင် ယခုသတ်မှတ် ခဲ့သည့် အသက်(၁၂)နှစ်အစား (၁၆)နှစ်အဖြစ် ပြင်ဆင်ရန် ရန်ကုန်တိုင်းဒေသကြီးမှ ကိုယ်စား လှယ် နော်လှလှစိုးက ဆွေးနွေး ခြင်းဖြစ်သည်။ 

ရာဇသတ်ကြီးကို ပြင်ဆင် သည့် ဥပဒေကြမ်းတွင် အသက် (၁၆)နှစ်အဖြစ် ပြင်ဆင်ခဲ့ပြီးဖြစ် ခြင်း၊ ယခုပြင်ဆင်သည့် ဥပဒေ ကြမ်းသည် သက်ငယ်မုဒိမ်းမှုအ တွက် အဓိကပြင်ဆင်ခြင်း စသည့်အချက်များကြောင့် (၁၆)နှစ်ဟု ပြောင်းလဲပြင်ဆင်ရန် မသင့် ကြောင်း အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီအစီရင်ခံ စာတွင် ဖော်ပြထားသည်။ 

ထို့ကြောင့် စက်ခလုတ်နှိပ် မဲခွဲဆုံးဖြတ်ရာ ဥပဒေကြမ်းကော် မတီ၏သဘောအတိုင်း အတည်ဖြစ်ခဲ့သည်။ အမျိုးသားလွှတ် တော်က အတည်ပြုသည့် ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်သို့ ပေးပို့မည်ဖြစ်ပြီး သဘောထားကွဲ လွဲမှုမရှိပါက အတည်ဖြစ်၍ ကွဲလွဲမှုရှိလျှင် ပြည်ထောင်စုလွှတ် တော်၌ ဆုံးဖြတ်မည်ဖြစ်သည်။ 

7Day

0 comments:

Post a Comment