Saturday, December 1, 2018

ဖလမ်းမြို့နယ်တွင် သားဖြစ်သူက ဖခင်ကို ကျောက်တုံးဖြင့်ထုသတ်

ချင်းပြည်နယ် ဖလမ်းမြို့နယ် ဝေဘူလရွာတွင် နိုဝင်ဘာ ၃၀ ရက် ည ၇ နာရီခန့်က အရက်သောက်၊ မူးပြီးအိမ်ပြန်လာသည့် သားဖြစ်သူက ဖခင်ကို ကျောက်တုံးဖြင့်ထုသတ်ခဲ့ကြောင်း ဖလမ်းမြို့မရဲစခန်းထံမှ သိရှိရသည်။ 
အဆိုပါရွာနေ ကိုငွန်သွလျန် (၃၁) နှစ်သည် အရက်သောက် အိမ်ပြန်လာပြီး အိမ်ရှေ့တွင် ရပ်ထားသည့်ဆိုင်ကယ်ကို ရိုက်ခွဲဖျက်ဆီးပြီး၊ အိမ်နောက်တွင် မွေးထားသည့် ဝက်ကိုသတ်ရန်ပြုလုပ်ရာ ဖခင်ဖြစ်သူ ဦးထောင်လျန်ဟရမ်း (၆၅) နှစ်က တားမြစ်ခဲ့သည်။ 

ထိုသို့တားမြစ်သောကြောင့် သားဖြစ်သူက ဖခင်ကို ခြေထောက်ဖြင့်ကန်ရာလဲကျသွားပြီး ကျောက်တုံးဖြင့် ထပ်မံထုသတ်ရာ မျက်နှာဘယ်ဘက်ခြမ်းကျေမွပြီး ဖခင်ဖြစ်သူ နေရာတွင်သေဆုံးခဲ့ကြောင်း ဖလမ်းမြို့ရဲစခန်း ရဲမှတ်တမ်းအရ သိရှိရသည်။ 

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ သားဖြစ်သူကိုငွန်သွလျန်ကို ဖလမ်းမြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း အဆိုပါရဲစခန်းထံမှ သိရသည်။

The Voice

0 comments:

Post a Comment