Tuesday, December 25, 2018

ထိုင်း​တွင်ပျောက်​ဆုံး​နေသည့်​ မြန်​မာက​လေးငယ်​ ​သေဆုံးလျက်​ပြန်​​တွေ့



ထိုင်းနိုင်​ငံ၊ ဆူဖန်ဘူရီခရိုင်​​​မှာအလုပ်​လုပ်​​နေတဲ့ မြန်​မာမိဘနှစ်​ဦးက​မွေးဖွားတဲ့က​လေးငယ်​ကို ​သေဆုံးလျက်​ပြန်​​တွေ့တယ်​လို့ ထိုင်းမီဒီယာ​တွေမှာ​ဖော်​ပြ​နေပါတယ်​။ 



ဆူ​လေးဖျူးဆိုတဲ့အဲဒီက​လေးငယ်​ဟာ ဒီဇင်​ဘာ(၁၇)ရက်​မှာ သူ့အစ်​မနဲ့ကစား​နေရင်း လူကြီးတစ်​​ယောက်​ကလာ​ခေါ်ခဲ့ပြီး​နောက်​ ​ပျောက်​ဆုံး​နေတာလို့ သူ့ရဲ့အစ်​မဖြစ်​သူက​ပြောပါတယ်​။ 

က​လေးငယ်​ဟာ ​ခြေကုန်​လက်​ပန်းကျပြီး​သေဆုံးခဲ့တာလို့ ယူဆရတယ်​ဆိုပြီး ဘန်​​ကောက်​ပို့စ်​သတင်းစာက​ဖော်​ပြပါတယ်​။ 

ဆူဖန်​ဘူရီအုပ်​ချုပ်​​ရေးမှူး နီမစ်​ ဝမ်​ချိုင်​သာနာ​ဝေါင်းက က​လေးငယ်​​ပျောက်​ဆုံးသွားတဲ့နားက ဧက(၇၀)​ကျော်​တဲ့ကြံခင်းထဲမှာရှာဖို့ ထိုင်းစစ်​ဘက်​၊ အရပ်​ဘက်​က ကယ်​ဆယ်​​ရေးသမား(၇၀၀)​လောက်​ကို ဒီ​နေ့မနက်​ပိုင်းက ညွှန်​ကြားခဲ့ပါတယ်​။ 

သူတို့​မောင်​နှမကစား​နေတဲ့​နေရာက​နေ (၅)ကီလိုမီတာအကွာကကြံခင်းထဲမှာ က​လေးငယ်​ရဲအ​လောင်းကို ပြန်​​တွေ့ခဲ့ရပါတယ်​။ 
အ​လောင်းကို ​သေမှု​သေခင်းစစ်​​ဆေးဖို့ ​ဆေးရုံကိုပို့ထားပါတယ်​။ 

က​လေးငယ်​ကိုရှာဖို့ ထိုင်းရဲ​တွေ၊ စစ်​သား​တွေ၊ ​စေတနာ့ဝန်​ထမ်း​ရာချီတို့ပါခဲ့ရုံတင်​မဟုတ်​ဘဲ အနံခံ​ခွေး​တွေ၊ ​မောင်းသူမဲ့​လေယာဉ်​​တွေနဲ့ဆင်​​တွေလည်းပါဝင်​ပါတယ်​။ 



Source-Bangkok Post 
#ဥက္ကာ 
#TheFifthWaveNews

0 comments:

Post a Comment