Tuesday, December 25, 2018

နှစ်သစ်ကူးလက်ဆောင်အဖြစ် ထိုင်းတွင် ဆေးခြောက်ကို ဆေးအဖြစ်အသုံးပြုခွင့်ရ


ထိုင်းနိုင်ငံဟာ ဒီနေ့ဒီဇင်ဘာလ(၂၅)ရက်မှာ ဆေးဖြစ်ဝါးဖြစ်နဲ့သုတေသနလုပ်ငန်းတို့အတွက် ဆေးခြောက်ကို အသုံးပြုခွင့်ရပါတယ်။ 
နှစ်သစ်ကူးရုံးပိတ်ရက်တွေမတိုင်ခင်မှာ ဥပဒေတွေအမြန်အတည်ပြုရေးကြိုးပမ်းခဲ့တဲ့ ထိုင်းစစ်အစိုးရခန့်ထားတဲ့လွှတ်တော်က (၁၉၇၉)ထိုင်းမူးယစ်ဆေးဝါးအက်ဥပဒေကို ပြင်ဆင်ဖို့ ခွင့်ပြုခဲ့တာပါ။ 

အခုပြင်ဆင်ချက်ဟာ ထိုင်းအစိုးရနဲ့နိုင်ငံသားတွေအတွက် အမျိုသားဥပဒေပြုရေးညီလာခံက နှစ်သစ်ကူးလက်ဆောင်ပေးခဲ့တာလို့ ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌ ဆွမ်ချိုင်း ဆာဝန်ခရမ်က လွှတ်တော်ထဲမှာပြောပါတယ်။ 

ထိုင်းနိုင်ငံမှာ ဥပဒေအတည်ပြုတာနဲ့ပတ်သက်ပြီး အငြင်းပွားမှုတွေမှာပါဝင်နေတာက နိုင်ငံခြားလုပ်ငန်းတွေက ထိုင်းဈေးကွက်ကိုချုပ်ကိုင်ဖို့ကြိုးပမ်းနေတာကြောင့် ထိုင်းလူနာတွေက ဆေးတွေရဖို့ ပိုခက်နိုင်ပြီး ထိုင်းသုတေသီတွေလည်း ဆေးခြောက်အများကြီးရနိုင်ဖို့ ခက်လာဖွယ်ရှိနေပါတယ်။ 

ဥပဒေအသက်မ၀င်ခင်မှာ ထိုင်းအစိုးရအနေနဲ့ အဲဒီတောင်းဆိုချက်တွေကိုရုတ်သိမ်းထားဖို့လိုအပ်နေတယ်လို့ ရမ်ဆစ်လူနာအခြေပြုဆေးဝါးနှင့်အိုမင်းမှုတိုက်ဖျက်ရေးဆိုင်ရာအင်စတီကျူရဲ့အကြီးအကဲ ပန်သက် ပွာပေါင်ပန်ကပြောပါတယ်။ 

အခုလိုအတည်ပြုလိုက်တာဟာ ထိုင်းနိုင်ငံမှာ ဆေးခြောက်ကို အပန်းပြေဖို့သုံးနိုင်ရေးအတွက် လမ်းဖောက်ပေးလိုက်တာလို့ ထိုင်းအသိပညာပေးရေးအဖွဲ့တွေက သုံးသပ်နေပါတယ်။ 

Source-Reuters 
#ဥက္ကာ 
#TheFifthWaveNews



0 comments:

Post a Comment