Saturday, December 1, 2018

အောင်လအန်ဆန်း တရက်တာ MMA Training သင်ကြားမည်


လိုက်ဟဲဗီးဝိတ်နဲ့ မစ်ဒယ်ဝိတ်တန်း MMA ONE ချန်ပီယံ အောင်လအန်ဆန်း ကိုယ်တိုင်သင်ကြားပြသပေးမယ့် MMA Training သင်တန်းကို လာမယ့် ဒီဇင်ဘာ ၁၃ ရက်မှာ လှေလှော်နဲ့ ရွက်လှေအဖွဲ့ချုပ်မှာရှိတဲ့ Infinity Fitness မှာ ပြုလုပ်မှာပါ။ 
ဒီတရက်တာသင်တန်းမှာ အောင်လအန်ဆန်းနဲ့အတူ MMA လေ့ကျင့်ခန်းတွေကို အချိန် ၃ နာရီကြာ လေ့ကျင့်သင်ကြားခွင့်ရမှာဖြစ်ပြီး ဓာတ်ပုံအတူတွဲရိုက်ခွင့် အချိန် ၁ နာရီလည်း ပါဝင်ပါတယ်။ 

သင်တန်ကြေးအဖြစ် Infinity Fitness မန်ဘာတွေအတွက် US ဒေါ်လာ ၅၀ တခြားသူတွေအတွက် ၇၅ ဒေါ်လာသတ်မှတ်ထားပြီး ရရှိလာတဲ့ ငွေအားလုံးကိုကို လူမူအကျိုးပြု အဖွဲ့အစည်းတွေကို ပြန်လည်လှူဒါန်းသွားမယ်လို့ သိရပါတယ်။ 

ပထမဆုံး လက်မှတ်ဝယ်သူ အယောက် ၂၀ ကိုတော့ ၁၅ ရာခိုင်နှုန်း ဒစ်စကောင့် ပေးထားမယ်လို့ ဆိုပါတယ်။ 

ဒါ့အပြင် အောင်လအန်ဆန်းလက်မှတ်ထိုးထားတဲ့ Limited Edition T-shirt နဲ့ လက်ဝှေ့လက်အိတ် ၃ ခုကို ဝယ်ယူနိုင်မှာလည်း ဖြစ်ပါတယ်။ 

လူဦးရေကန့်သတ်ထားပြီး လက်မှတ်တွေကိုတော့ Infinity fitness center တိုင်းမှာ ဝယ်ယူနိုင်တယ်လို့ သိရပါတယ်။ 

အောင်လအန်ဆန်းဟာ ၂၀၁၈ ခုနှစ်အတွက် MMA အကောင်းဆုံးကစားသမားဆုကို ပြီးခဲ့တဲ့လက စင်ကာပူနိုင်ငံမှာ လက်ခံရယူခဲ့ပြီး သူ့ရဲ့ချန်ပီယံ ကာကွယ်ပွဲကိုတော့ လာမယ့် ၂၀၁၉ ခုနှစ် ဂျပန်နိုင်ငံမှာ ထိုးသတ်ဖို့ရှိနေပါတယ်။

DVB

0 comments:

Post a Comment