Saturday, December 1, 2018

G20 ထိပ်သီးဆွေးနွေးပွဲကို အာဂျင်တီးနားပြည်သူ ထောင်ချီ ဆန္ဒပြ


G20 ထိပ်သီးဆွေးနွေးပွဲ ကျင်းပရာ အာဂျင်တီးနားနိုင်ငံ ဗျူနိုအေးရီစ်မြို့မှာ နိုဝင်ဘာ ၃၀ ရက်နေ့က ထောင်နဲ့ချီတဲ့ ပြည်သူတွေ ချီတက်ဆန္ဒပြခဲ့ကြပါတယ်။ 
ဆန္ဒပြသူတွေဟာ G20 ထိပ်သီးဆွေးနွေးပွဲရဲ့ စီးပွားရေးမူဝါဒတွေကို ဆန့်ကျင် ဆန္ဒပြတာဖြစ်ပြီး အစည်းအဝေးကျင်းပရာ နေရာအနီးကို သွားရောက်နိုင်ခြင်း မရှိပါဘူး။ 

ရဲတပ်ဖွဲ့၊ ကမ်းခြေစောင့်တပ်ဖွဲ့နဲ့ နယ်စပ်ကင်းလှည့်တပ်ဖွဲ့တွေဟာ ထိပ်သီးဆွေးနွေးပွဲ ပြုလုပ်ရာ ကော်စတာ-ဆာဂယ်ရို ကွန်ဗင်းရှင်းစင်တာရဲ့ ၅ မိုင်ပတ်လည်ကို ပိတ်ဆို့ထားပါတယ်။ 

ဒါ့အပြင် ထိပ်သီးဆွေးနွေးပွဲ လုပ်နေချိန်မှာလည်း လာ-ပလာတာ မြစ်အတွင်း ကုန်သင်္ဘောသွားလာမှုကို တားမြစ်ထားပါတယ်။ 

ဆန္ဒပြသူတဦးက “G20 အစည်းဝေးတက်ရောက်သူတွေဟာ အကြွေးဝန်ထုပ်ဝန်ပိုး တိုးအောင် ဆွေးနွေးကြမယ်။ ကျန်းမာရေးနဲ့ ပညာရေးကို ငွေနဲ့သာ ၀ယ်လို့ရတဲ့ ရောင်းကုန်ဖြစ်အောင် လုပ်ကြမယ်။ ဒီအတွက် ဒီအစည်းဝေးတွေဟာ လူသားတန်ဖိုး အဆိုးရွာဆုံး ဖြစ်တယ်” လို့ ပြောခဲ့ပါတယ်။ 

အမှန်တော့ ဒီထိပ်သီးဆွေးနွေးပွဲဟာ အာဂျင်တီးနားနိုင်ငံ အခက်ကြုံချိန် ကျင်းပနေတာဖြစ်ပါတယ်။ အာဂျင်တီးနားနိုင်ငံမှာ စီးပွားရေး ကျဆင်းနေပြီး ဒီနှစ်မှာ ငွေကြေးဖောင်းပွမှု ၄၀ ရာခိုင်နှုန်းဝန်းကျင် ရှိနေတယ်လို့ ရိုက်တာ သတင်းအရ သိရပါတယ်။

DVB

0 comments:

Post a Comment