Saturday, December 1, 2018

ရန်ကုန်မြို့၏ မြေအောက်မြို့တော်ကြီးများ၊ မိုးပျံလမ်းမကြီးများကို အသာထား၍ လက်ရှိကြုံတွေ့နေရပြီး ဖြေရှင်းစီမံ၍ရသော ယာဉ်ကြောပိတ်ဆို့မှုပြဿနာနှင့် ကားပါကင်အခက်အခဲဖြေရှင်းရန် NLD ပါတီ လွှတ်တော်ကိုယ်စားလှယ် ပြည်သူ့လွှတ်တော်တွင်မေးမြန်း



ရန်ကုန်မြို့၏ မြေအောက်မြို့တော်ကြီး များ၊ မိုးပျံလမ်းမကြီးများ အသာထား၍ လက်ရှိ ကြုံတွေ့နေရပြီး ဖြေရှင်းစီမံ၍ရသော ယာဉ်ကြောပိတ်ဆို့မှုပြဿနာနှင့် ကားပါကင် အခက်အခဲ ဖြေရှင်းရန် မည်သို့စီမံဆောင်ရွက်ထားသည်ကို NLD ပါတီလွှတ်တော်ကိုယ်စားလှယ်က ပြည်သူ့လွှတ်တော်တွင် မေးမြန်း ခဲ့ကြောင်း သိရသည်။ 
ရန်ကုန်တိုင်းဒေသကြီး လှိုင်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ကျော်ဦးက နေပြည်တော်၌ နိုဝင်ဘာ ၃၀ ရက်က ပြုလုပ်သော ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ဒသမပုံမှန် အစည်းအဝေး အဋ္ဌမနေ့တွင် အထက်ပါအတိုင်း မေးခွန်းမေးမြန်းခဲ့ခြင်းဖြစ်သည်။ 

“အခက်အခဲက ကားရပ်စရာကိုမရှိဘူး။ မူလရှိပြီးသား ကားပါကင်ကို နေရာဦးကြတယ်။ ကားတွေသာ အများကြီးတိုးလာတယ်။ ကားပါကင် တိုးမလာဘူး။ ကားပါကင်လုတဲ့ ပြဿနာက လူသတ်မှုတောင်ဖြစ်တယ်။ ကျွန်တော်မြို့နယ်ထဲမှာ အဲဒီလိုမျိုး ကားပါကင်လုလို့ ရိုက်မှုတွေ လူသတ်မှုတွေ အများကြီးဖြစ် တယ်။ ကားပါကင်လုတဲ့ ပြဿနာကြောင့် ထိခိုက်နာကျင်မှု ၆၈ ရာခိုင်နှုန်းရှိတယ်။ အစိုးရဘက်က Public ဧရိယာတွေမှာ အထပ်မြင့် ကားပါကင်တွေလုပ်ဖို့ အဓိကအရေးကြီးတာပေါ့” ဟု ဦးအောင်ကျော်ကျော်ဦးက ပြောကြား သည်။ 

ရန်ကုန်မြို့ရှိ လူတန်စားအသီးသီး နေ့ စဉ်ရင်ဆိုင်နေရသည့် ပြဿနာသည် ယာဉ်ကြောပိတ်ဆို့မှုပြဿနာဖြစ်ပြီး တစ်ရက်လျှင် ခရီးသွား ၂ ဒသမ ၇ သန်းရှိသည့်အနက် လမ်း ပေါ်တွင် လူတစ်သိန်း တစ်နာရီပိတ်မိပါက လက်ရှိ ၂၀၁၈ ခုနှစ် အနိမ့်ဆုံးလုပ်အားခ တစ် နာရီ ၆၀၀ ဖြင့်တွက်သော် သိန်းပေါင်း ၆၀၀ ဆုံးရှုံးနေကြောင်း၊ ယာဉ်ကြောပိတ်ဆို့မှုကြောင့် လမ်းပေါ်တွင် နိုင်ငံသူနိုင်ငံသားများ၏ အဖိုးတန်အချိန်နှင့် လုပ်အားများ နေ့စဉ်ဘီလျံနှင့်ချီ၍ ဆုံးရှုံးနေရကြောင်းနှင့် ကုန်စည် သယ်ယူပို့ဆောင်ဖြန့်ဖြူးစရိတ်သည်လည်း ၁၅ ရာခိုင်နှုန်းမှ ရာခိုင်နှုန်း ၂၀ အထိ ကြီးမြင့် နေရကြောင်း ၎င်းက ပြောကြားသည်။ 

ယာဉ်ကြောပိတ်ဆို့ရသည့် အကြောင်းရင်းများစွာရှိပြီး အများပြည်သူသယ်ယူပို့ ဆောင်ရေးစနစ် အားနည်းခြင်း၊ ယာဉ်စီမံခန့် ခွဲမှု အားနည်းခြင်း၊ ယာဉ်စည်းကမ်း၊ လမ်းစည်း ကမ်းလိုက်နာမှုမရှိခြင်း၊ ယာဉ်ရပ်နားမှုဆိုင်ရာ မူဝါဒအားနည်းခြင်း၊ လမ်းမြေကျူးကျော် ဆောက်လုပ်ထားသည့် စီးပွားဖြစ် အမိုးအဖီများကြောင့် လမ်းကျဉ်းနေခြင်း၊ လမ်းဘေးဈေးသည်များကြောင့် လမ်းပိတ်ဆို့နေခြင်း၊ ယာဉ်မရပ်ရနေရာတွင် ယာဉ်များရပ်တန့်ထားခြင်း၊ ယာဉ်နှစ်ထပ်ရပ်ခြင်း၊ နှစ်လမ်းမောင်းတွင် ကားရပ်ထားခြင်း၊ YBS ယာဉ်များ မှတ်တိုင်တွင်မရပ်ဘဲ လမ်းပေါ်တွင် စည်းမဲ့ကမ်းမဲ့ အတင်အချလုပ်ခြင်းနှင့် ယာဉ်ရပ်နားစရာ ကားပါကင်မရှိခြင်း စသည့် ပြဿနာများ ဖြေရှင်းရမည်ဖြစ်ကြောင်း ဦးအောင်ကျော်ကျော်ဦးက ပြောကြားသည်။ 

ထို့ကြောင့် ရန်ကုန်မြို့၏ မြေအောက်မြို့တော်ကြီးများ၊ မိုးပျံလမ်းမကြီးများကို အသာထား၍ လက်ရှိကြုံတွေ့နေရပြီး ဖြေရှင်းစီမံ၍ရသော ယာဉ်ကြောပိတ်ဆို့မှုပြဿနာနှင့် ကားပါကင်အခက်အခဲကို ဖြေရှင်းရန် မည်သို့ စီမံဆောင်ရွက်ထားသည်ကို သိလို၍ လွှတ်တော်ဥက္ကဋ္ဌကြီးမှတစ်ဆင့် မေးမြန်းရခြင်း ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။ 

အဆိုပါမေးခွန်းနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကိုယ်စား ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးက ရန်ကုန်မြို့သည် တိုးတက်များပြားလာသော လူဦးရေနှင့် ယာဉ်အစီးရေကြောင့် ယာဉ်ကြောပိတ်ဆို့မှု ပြဿနာများ ကြုံတွေ့လျက်ရှိသည်မှာ အမှန်ပင် ဖြစ်ကြောင်း၊ ရန်ကုန်မြို့သည် ၂၀၁၀ ပြည့်နှစ် မတိုင်မီက ယာဉ်အစီးရေ ၁ ဒသမ ၆ သိန်း ရှိခဲ့ရာမှ ၂၀၁၁ ခုနှစ် စက်တင်ဘာတွင် မော်တော်ယာဉ်တင်သွင်းခွင့်မူဝါဒကို ပြောင်းလဲ ဖြေလျှော့ခဲ့ချိန်မှစ၍ ရန်ကုန်မြို့၏ ယာဉ်စီး ရေ လျင်မြန်စွာတိုးပွားလာခဲ့ကြောင်း၊ ၂၀၁၈ ခုနှစ် အောက်တိုဘာလကုန်အထိ မြန်မာတစ် နိုင်ငံလုံးတွင် လူစီး မော်တော်ယာဉ်အစီးရေ ၁၀၆၀၀၀၀ ကျော်အထိ တိုးတက်လာခဲ့ပြီး ယင်းတို့အနက် ရန်ကုန်မြို့တွင် မှတ်ပုံတင် ထားပြီး သွားလာအသုံးပြုနေသည့် လူစီးမော် တော်ယာဉ် ၅၃၀၀၀၀ ကျော်ရှိကြောင်း ပြောကြားသည်။ 

ထို့ပြင် ရန်ကုန်မြို့အတွင်း တိုးတက်များ ပြားလာသည့် လူဦးရေနှင့် လိုက်လျောညီမည့် အများပြည်သူသယ်ယူပို့ဆောင်ရေးစနစ်များ ပေါ်ပေါက်လာစေရန် ရေရှည်စီမံချက်ချ၍ လုပ်ဆောင်ပေးခြင်းဖြင့် အများပြည်သူသုံး စနစ်တိုးတက်ကောင်းမွန်လာသဖြင့် ကိုယ်ပိုင်ကား အသုံးပြုမှု လျော့ပါးစေခြင်းတို့ဖြင့်လည်း ယာဉ်ကြောကျပ်တည်းမှုပြဿနာနှင့် ကားပါကင်ပြဿနာများ ဖြေရှင်းသွားနိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။ 

Eleven Media Group


0 comments:

Post a Comment