ဦးကိုနီနှင့် ဦးနေ၀င်း ကျဆုံးခြင်း (၂) နှစ်ပြည့်အခမ်းအ နားကို ရွှေဂုံတိုင်ရှိ တော်ဝင်နှင်း ဆီခန်းမတွင် ဇန်န၀ါရီ ၂၉ ရက် ၌ ကျင်းပသွားမည်ဖြစ်ပြီး ယင်း အခမ်းအနားသို့ တက်ရောက်ရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် နှင့် သံတမန်များအား ဖိတ်ကြား ထားကြောင်း အခမ်းအနားဖြစ် မြောက်ရေး ဦးဆောင်ကော် မတီအဖွဲ့ဝင် ဦးထွန်းကြည် (FPPS) ကပြောသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပါတီ၏ ဥပဒေအကြံပေး တရားလွှတ်တော်ရှေ့နေဦးကိုနီ နှင့် ဦးနေ၀င်းကျဆုံးခြင်း (၂)နှစ် ပြည့်အခမ်းအနားကျင်းပနိုင်ရေး ဇန်န၀ါရီ ၂၇ ရက်တွင် ပွဲဖြစ် မြောက်ရေးကော်မတီက အစည်း အဝေးပြုလုပ်ခဲ့သည်။
‘‘အမှန်တရားအတွက်၊ တ ရားဥပဒေစိုးမိုးရေးအတွက် လို လားတဲ့သူတွေတက်ကြမယ်။ အ မေရိကန်သံအမတ် စကော့မာစီ ရယ်လည်း ဒီပွဲမှာ တက်ရောက် ပြီး မိန့်ခွန်းပြောကြားမယ်’’ ဟု နိုင်ငံရေး အကျဉ်းသားဟောင်း များအဖွဲ့ဦးဆောင်ကော်မတီဝင် လည်းဖြစ်သူ ဦးထွန်းကြည်က ပြောသည်။
ထို့အပြင် ဘာသာရေးခေါင်း ဆောင်များ၊ စာရေးဆရာမ မသီ တာ(စမ်းချောင်း)၊ တရားလွှတ် တော်ရှေ့နေဦးကြီးမြင့်၊ ဦးကိုနီ ဘက်မှ လိုက်ပါဆောင်ရွက်ပေး နေသည့် တရားလွှတ်တော်ရှေ့နေ ဦးနေလနှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဗဟိုပြန်ကြားရေးကော် မတီအတွင်းရေးမှူး မုံရွာအောင် ရှင်တို့ ဟောပြောမည်ဖြစ်သည်။
‘‘ဒီပွဲကိုတော့ အန်တီတက် ဖို့ကိုလည်း ဖိတ်ထားတယ်။တက် ရောက်ဖို့ကိုလည်း မျှော်လင့် တယ်။ လူကိုယ်တိုင်မလာရင် တောင် ရုပ်သံလေး၊ Message (သတင်းစကား)လေးဖြစ်ဖြစ် ပို့ ပေးစေချင်တယ်’’ ဟု ဦးထွန်း ကြည်ကပြောသည်။
ထို့အပြင် အစိုးရအဖွဲ့ဝင် များ၊ လွှတ်တော်ဥက္ကဋ္ဌနှင့် ကိုယ် စားလှယ်များကို ဖိတ်ကြား ထားကြောင်း ဦးထွန်းကြည်က ဆက်လက်ပြောသည်။
၂၀၁၇ ဇန်န၀ါရီ ၂၉ ရက် တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ သေနတ်သမားကြည် လင်းက ဦးကိုနီ၏ နောက်စေ့ကို သေနတ်နှင့် တေ့ပစ်ပြီးနောက် လေဆိပ်ထွက်လမ်း တစ်လျှောက် သေနတ်ပစ်ဖောက် ထွက်ပြေး သဖြင့် ၎င်းကိုလိုက်လံဖမ်းဆီး သော တက္ကစီယာဉ်မောင်း ဦးနေ၀င်းသည်လည်းကျည်ဆန်ထိမှန်သေဆုံးခဲ့သည်။
သေနတ်သမားကြည်လင်း အပါအ၀င် အောင်ဝင်းဇော်နှင့် ဇေယျာဖြိုးတို့ကို သေဒဏ်အထိ ချမှတ်နိုင်သည့်ပုဒ်မဖြင့် မြောက် ပိုင်းခရိုင်တရားရုံးကစွဲချက်တင် ထားပြီး ဖေဖော်ဝါရီ အတွင်း အ မိန့်ချမှတ်နိုင်ဖွယ်ရှိသည်။
‘‘နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်တက်ရောက်မည်ဆိုတာ ကတော့ ကျွန်တော်မကြားမိဘူး ဗျ’’ ဟု မုံရွာအောင်ရှင်ကပြော သည်။ ဦးကိုနီနှင့် ဦးနေ၀င်းတို့၏ (၁) နှစ်ပြည့်နှစ်ပတ်လည် အခမ်း အနားသို့ နိုင်ငံတော်၏အတိုင်ပင် ခံပုဂ္ဂိုလ် မတက်ဘဲသ၀ဏ်လွှာ သာပေးပို့ခဲ့သော်လည်း ၂၀၁၇ ခုနှစ်ဖေဖော်ဝါရီ ၂၆ ရက်က တော်ဝင်နှင်းဆီတွင် ပြုလုပ် သည့်၎င်းတို့နှစ်ဦး၏ အောက်မေ့ ဖွယ်အခမ်းအနားသို့ ဒေါ်အောင် ဆန်းစုကြည် တက်ရောက်အမှာ စကားပြောကြားခဲ့သည်။
7Day
0 comments:
Post a Comment