ခရီးသွားအများအပြား လာရောက်လည်ပတ်လေ့ရှိပြီး ဒေသတွင်း တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့များက စီးပွားရေး လုပ်ငန်းအဖြစ် လုပ်ကိုင်နေသော ကော့ကရိတ်မြို့နယ်ရှိ တော်နော် ရေတံခွန်တွင် အမျိုးသမီးနှစ်ဦး ပြုတ်ကျသေဆုံးပြီးနောက် ခရီး သွားများအန္တရာယ်ကင်းရေး ဂရု စိုက်ပေးရန် ဒေသခံများက အကြံ ပြုသည်။
မြဝတီနှင့် နယ်စပ် ထိုင်းနိုင်ငံ မဲဆောက်မြို့ရှိ အထည်ချုပ်စက် ရုံဝန်ထမ်း မြန်မာအမျိုးသမီးအချို့ သည် တောနော်ရေတံခွန်သို့ ယမန်နေ့ (ဇန်နဝါရီ ၂၇ ရက်)က လာရောက်လည်ပတ်စဉ် အ သက်(၁၉)နှစ်ခန့်ရှိ အမျိုးသမီးနှစ်ဦးသည် ကျောက်ဆောင်ပေါ်မှ ပြုတ်ကျသေဆုံးခဲ့သည်။
‘‘ကျောက်ဆောင်ပေါ်တက် ပြီး ဓာတ်ပုံရိုက်တယ်။ တစ် ယောက်က ပြုတ်ကျသွားတာကို လှမ်းဆွဲရင်း နောက်တစ်ယောက် ပါ ပြုတ်ကျတာလို့သိရတယ်’’ဟု ကော့ကရိတ်မြို့ ပုလဲဖြူလူမှုကယ် ဆယ်ရေးအဖွဲ့မှ ကိုထိုက်က ပြောသည်။ တစ်ဦးသည် ဦးခေါင်းတွင် ဒဏ်ရာအပြင်းအထန်ရကာ နေရာ၌ပင် သေဆုံးခဲ့ပြီး ကျန်တစ်ဦး ဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံးခဲ့ သည်။ သေဆုံးသူနှစ်ဦးသည် ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ်နှင့် ဒိုက်ဦးမြို့နယ် ဇာတိဖြစ်ပြီး တနင်္ဂ နွေအားလပ်ရက်ဖြစ်၍ ရေတံခွန်သို့ လာရောက်လည်ပတ်စဉ် ယင်းသို့ ကြုံတွေ့ခဲ့သည်။
တောနော်ရေတံခွန်သည် ကော့ကရိတ်-မြဝတီအာရှလမ်း ဘေးတွင် ရှိပြီး ဒေသတွင်း တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့အ စည်းများက အပန်းဖြေစခန်းအ ဖြစ် လုပ်ကိုင်နေ သည်။ မြို့နှင့်နီး၍ လာရောက်လည်ပတ်သူများပြား သည်ဟု ဒေသခံများက ပြော သည်။ ရေတံခွန်သို့ သွားရန် ကျောက်ကမ်းပါးတွင် သံဖရိန်ဖြင့် ပြုလုပ်ထားသော လျှောက်လမ်း ကို ဖြတ်ရပြီး ယင်းလျှောက်လမ်း ကို စနစ်တကျတည်ဆောက်ရန် ဒေသခံများက အကြံပြုသည်။
‘‘လူလျှောက်လမ်းကို စနစ် တကျလုပ်စေချင်သလို မတော် လို့ ချော်ကျရင်တောင် အောက် အထိ မကျနိုင်တဲ့ပိုက်တွေ ခံထား တာမျိုး လုပ်စေချင်တယ်’’ ဟု ကိုထိုက်က ပြောသည်။
ကော့ကရိတ်မြို့ခံ ကိုအောင် နိုင်က တောနော်ရေတံခွန်သို့ သွားသည့် ကျောက်ကမ်းပါးယံ ဖြတ်လမ်းကို စနစ်တကျဖောက် လုပ်သင့်ပြီး အန္တရာယ်ပြအမှတ် အသားများ လုံလောက်စွာ ထားရှိ သင့်ကြောင်း အကြံပြုသည်။
စက်ရုံဝန်ထမ်း အမျိုးသမီးနှစ်ဦးသေဆုံးမှုကို ရဲတပ်ဖွဲ့က သေမှုသေခင်းဖွင့်ထားသည်။
7Day
0 comments:
Post a Comment