ပြင်သစ်အစိုးရအပေါ် ၁၁ ပတ်မြောက် ဆန့်ကျင်ခြင်းအဖြစ် ဇန်နဝါရီ ၂၆ ရက်က ထောင်နှင့် ချီသော အဝါရောင်စွပ်ကျယ်ဝတ် ဆန္ဒပြသူများသည် မြို့တော်ပါရီ နှင့် အခြားမြို့များတွင် ချီတက် ဆန္ဒပြခဲ့ပြီး သမ္မတ မက်ကရွန်အ နေဖြင့် ၎င်း၏ မူဝါဒအချို့အပေါ် ပြည်သူအလိုမကျမှုကို ယခုအချိန်အထိ ဖြေရှင်းပေးခြင်းမရှိသေး ကြောင်း ဖော်ပြခဲ့သည်။
ဆန္ဒပြပွဲအများစုသည် ငြိမ်း ငြိမ်းချမ်းချမ်း ဖြစ်ခဲ့သော်လည်း ပါရီရှိ ဘက်စတီးရင်ပြင်တွင် ကြိုး ကြားကြိုးကြား ထိပ်တိုက်တွေ့ဆုံ မှုများရှိခဲ့ပြီး ပြင်သစ်နိုင်ငံတစ်ဝန်း ယင်းဆန္ဒပြပွဲများသို့ လူ ၂၂,၀၀၀ တက်ရောက်ခဲ့ကြောင်း ပြည်ထဲ ရေးဝန်ကြီးဌာနက ပြောသည်။
လောင်စာဆီခွန်တိုးမြှင့်မည့် အစီအစဉ်များနှင့် ပတ်သက်၍ နိုဝင်ဘာလလယ်က အဝါရောင် စွပ်ကျယ်ဝတ်ဆန္ဒပြပွဲများ စတင် ပြီးနောက် အပတ်စဉ် အစိုးရအပေါ် ဆန့်ကျင်ဆန္ဒပြပွဲများ ပြု လုပ်ခဲ့သည်။
ယခု ဆန္ဒထွက်ပြသူပမာဏ သည် ဇန်နဝါရီ ၁၉ ရက်နှင့် နှိုင်း ယှဉ်လျှင် အထူးသဖြင့် ပါရီမြို့ တွင် နည်းပါးသည်။
သို့သော် ချဉ်းကပ်မှုအ ပြောင်းအလဲအဖြစ် ‘အဝါရောင် ည’ဟုခေါ်သော ပြည်ထောင်စုရင်ပြင်၌ ညနေခင်းစုဝေးမှု ပြုလုပ် ရန် ဆန္ဒပြသူအချို့က တောင်းဆိုခဲ့သည်။
ပါရီတွင် ယခုဆန္ဒပြပွဲများ နှင့် ပတ်သက်၍ လူ ၄၂ ဦးကို ဖမ်းဆီးခဲ့ကြောင်း စီရင်စုဆိုင်ရာ အာဏာပိုင်များက ပြောသည်။
သို့သော် ပါရီတွင် ပြီးခဲ့သည့် စနေနှစ်ရက်အတွင်း အဖြစ်အ ပျက်များသည် ဆယ်စုနှစ်များအ တွင်း အဆိုးရွားဆုံးအကြမ်းဖက် ဆန္ဒပြမှုများ ဖြစ်ပွားခဲ့သည့် ဒီဇင် ဘာလနှင့် နှိုင်းယှဉ်လျှင် မပြောပ လောက်ပေ။
Ref: Reuters
7Day
0 comments:
Post a Comment