Thursday, March 28, 2019

နိုင်ငံတော်အတိုင်ပင်ခံ ရဲ့ ဧရာဝတီခရီးစဉ်အတွင်း မြို့ ၆ မြို့မှာ လူထုတွေ့ဆုံပွဲလုပ်မည်


ဧပြီလ ၁ ရက်နေ့မှာ မြောင်းမြတံတားသစ်ဖွင့်လှစ်ပေးဖို့ ဧရာဝတီတိုင်းကို ရောက်ရှိလာမယ့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဧရာဝတီတိုင်းအတွင်း မြို့ ၆ မြို့မှာ လူထုတွေ့ဆုံပွဲတွေ လုပ်ဖို့ စီစဉ်ထားတယ်လို့ အတိုင်ပင်ခံရုံးတာဝန်ရှိသူတစ်ဦးက Delta News Agency ကိုပြောပါတယ် ။ 
ပထမနေ့ဖြစ်တဲ့ ဧပြီလ ၁ ရက်နေ့မှာ မြောင်းမြမြို့ နှင့် ကျောင်းကုန်းမြို့မှာ လူထုနဲ့တွေ့ဆုံသွားမှာ ဖြစ်ပြီး ဒုတိယနေ့ဖြစ်တဲ့ ဧပြီလ ၂ ရက်နေ့မှာတော့ ပုသိမ် ၊ ပန်းတနော် ၊ မအူပင် နှင့် ညောင်တုန်းမြို့တွေမှာ လူထုတွေ့ဆုံပွဲတွေ စီစဉ်ထားတာပါ ။ 

၂၀၁၈ ခုနှစ် ဧပြီလ ၁ ရက်နေ့ မနက်အစောပိုင်းမှာ ကျိုးကျခဲ့တဲ့ မြောင်းမြတံတား အစား တံတားသစ်တစ်စင်းကို တစ်နှစ်တိတိအချိန်ကာလမှာ တည်ဆောက်ဖွင့်လှစ်ဖို့ အစိုးရက ရည်မှန်းချက်ထားခဲ့တာပါ။

Delta News Agency 

0 comments:

Post a Comment