Friday, March 29, 2019

ရန်ကုန်တိုင်းဒေသကြီး၏ (၂၀၁၈-၂၀၁၉)ဘဏ္ဍာနှစ် ငွေစာရင်း ဆိုင်ရာစာစောင် မိတ်ဆက်


ရန်ကုန်တိုင်းဒေသကြီးရဲ့ (၂၀၁၈-၂၀၁၉)ခုနှစ် ဘဏ္ဍာရေးနှစ် အရအသုံးခန့်မှန်းခြေငွေစာရင်းဆိုင်ရာ အချက်အလက်များစာစောင် မိတ်ဆက်ရှင်းလင်းပွဲကို မတ်(၂၉)ရက် မွန်းလွဲပိုင်းက Park Royal ဟိုတယ်မှာ ပြုလုပ်ခဲ့ပါတယ်။ 
အဲဒီအခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း နဲ့ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်တွေ၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ပါတယ်။ 

အခုမိတ်ဆက်တဲ့စာစောင်ကို စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ အခြားမိတ်ဖက်အဖွဲ့အစည်း တွေ ပူးပေါင်းထုတ်ဝေတာဖြစ်ပါတယ်။ 



သတင်း -- သီဟစိုးလွင်
One News Myanmar 


0 comments:

Post a Comment