Friday, March 29, 2019

မင်းလှမြို့တွင် သစ်၊မီးသွေး၊ ဝါး တင်ဆောင်လာသည့် ကား တိမ်းမှောက်၍ လူ ၃ ဦး သေဆုံး


သစ် မီးသွေး ဝါး တင်ဆောင်လာသည့် ကား တိမ်းမှောက်ခဲ့မှုကြောင့် ကားပေါ်ပါ လူ ၃ ဦး သေဆုံးမှု မင်းလှမြို့နယ်တွင် ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ 
မတ်လ ၂၉ ရက်နေ့ နံနက် ၇နာရီ ၃၀ မိနစ် အချိန်က ခွက်မ - မန်ကျည်းကွင်း ဆည်ဘောင်လမ်းအတိုင်း ယာဉ်မောင်းချစ်တီး ( ၃၅ )နှစ် မောင်းနှင်လာသော Nissan ၆ ဘီး ခေါင်းနီ / အစိမ်းရောင် မော်တော်ယာဉ်ဟာ သစ် မီးသွေး ဝါးများ သယ်ဆောင်ပြီး မောင်းနှင်လာစဉ် ရှားဖြူ ကွင်းကျေးရွာအနီး အရောက်တွင် ဆည်ဘောင်ပဲ့ကျ၍ ကားပေါ်၌ စီးနှင်းလိုက်ပါလာသူ ကျော်လေး ( ၁၅ )နှစ် ၊ ဖြိုးဝေအောင် ( ၂၅ )နှစ် ၊ ကျော်ဇင်ညွန့် ( ၂၃ )နှစ်တို့ ၃ ဦးသည် သစ်တုံးပိ၍ နေရာ၌ပင် ပွဲခြင်းပြီး သေဆုံးသွားခဲ့ကြောင်း စစ်ကွင်းနယ်မြေရဲစခန်းမှ သိရသည်။ 

ယာဉ်မဆင်မခြင် မောင်းနှင်သူ ချစ်တီးအား စစ်ကွင်းနယ်မြေရဲစခန်းမှ ယာဉ်(ပ) ၃/ ၂၀၁၉ ၊ ရာဇသတ်ကြီးဥပဒေပုဒ်မ - ၃၀၄ - က ဖြင့် အမှုဖွင့် ဆောင်ရွက်ထားရှိကြောင်း သတင်းရရှိသည်။ 

ဇီးကုန်းသား
Isee Media 

0 comments:

Post a Comment