Friday, March 29, 2019

သနပ်ခါးပွဲတော်နဲ့ သနပ်ခါးလှပျိုဖြူပြိုင်ပွဲ မန်းမှာကျင်းပ


မြန်မာ့သနပ်ခါး စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းကစီစဉ်တဲ့ သနပ်ခါးပွဲတော်နဲ့ သနပ်ခါးလှပျိုဖြူပြိုင်ပွဲကို ဒီကနေ့မနက်ပိုင်းကစလို့ မန္တလေးမြို့ မန္တလေးတောင်ခြေအနီးက ကျောက်တော်ကြီးဘုရားမှာကျင်းပပြုလုပ်နေပါတယ်။ 

မြန်မာ့သနပ်ခါးကို မြတ်နိုးတန်ဖိုးထားတတ်စေဖို့ရည်ရွယ်ကျင်းပပြုလုပ်တာလို့သိရပြီး မြန်မာ့ရိုးရာယဉ်ကျေးမှုအမွေအနှစ်ကိုထိန်းသိမ်းဖို့နဲ့ သနပ်ခါးကို မြတ်နိုးတန်ဖိုးထားတတ်စေဖို့ရည်ရွယ်ကျင်းပတာဖြစ်တယ်လို့ အသင်းရဲ့ဒုတိယဥက္ကဋ္ဌ ၃ ဦးအေးခိုင်ကပြောပါတယ်။
  
ဒီသနပ်ခါးပွဲတော်ကို ဒုတိယအကြိမ်ကျင်းပပြုလုပ်တာဖြစ်ပြီး ပြခန်းပေါင်း ၂၀ ကျော်ပါဝင်ပြသရောင်းချပေးသွားမှာဖြစ်တယ်လို့သိရပါတယ်။ 

မွန်းလွဲပိုင်းမှာ သနပ်ခါးလှပျိုဖြူပြိုင်ပွဲညပိုင်းမှာ မြို့မတေါ်ဂီတအဖွဲ့ရဲ့ဖျော်ဖြေမှုအစီအစဉ်တွေနဲ့ ဒီကနေ့ကနေ မတ်လ ၃၁ရက်နေ့အထိကျင်းပပြုလုပ်သွားမှာလို့သိရပါတယ်။ 









စောထွေး 
Popular News Journal 

0 comments:

Post a Comment