Friday, March 29, 2019

တာချီလိတ်မြို့လယ်ရှိ နန်းနန်းဘွန်းကျောက်ရွှေဆိုင် ဓားပြတိုက်ခံရ


တာချီလိတ်မြို့လယ်ရှိ နန်းနန်းဘွန်းကျောက်ရွှေဆိုင် ဓားပြတိုက်ခံရကြောင်း တာချီလိတ်ခရိုင် အထွေထွေအုပ်ချုပ်ရေးမှုးရုံးမှ သိရသည်။ 
အဆိုပါရွှေဆိုင်မှာ ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့၊ ဆန်ဆိုင်း(က)ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းပေါ်တွင် တည်ရှိပြီး မတ် ၂၉ ရက် နံနက် ၇ နာရီခွဲခန့်က ဓားပြတိုက်ခံရခြင်းဖြစ်သည်။ 

ဖြစ်စဉ်မှာ အဆိုပါရွှေဆိုင်သို့ ၇ နာရီခွဲခန့်တွင် အမည်မသိလူ ခြောက်ဦး မော်တော်ယာဉ်ဖြင့် ရောက်ရှိလာကြပြီး၊ လေးဦးမှာ ပစ္စတို သေနတ်များဖြင့် ဆိုင်ထဲသို့ဝင်လာကြောင်း၊ ရွှေဆိုင်ပိုင်ရှင် ဦးအိုက်ဘွန်း တို့ မိသားစုများကို ခေါ်ဆောင်ကာ လက်ကိုကြိုးတုတ်၍ သေနတ်များဖြင့် ချိန်ရွယ်ထားပြီး ရွှေထည်ပစ္စည်းများကို ယူဆောင်သွားကြောင်း သိရသည်။ 

အိမ်ရှင်များကို ကြိုးတုတ်ထား၍ အခြားသူ နှစ်ဦးက မီးခံသေတ္တာအတွင်းရှိ ရွှေထည် ပစ္စည်းမျိုးစုံ ရွှေအလေးချိန် ၈၀ ကျပ်သားခန့်၊ (တန်ဖိုးငွေကျပ်သိန်း ၈၀၀) ခန့်၊ စိန်ထည်ပစ္စည်းမျိုးစုံ (ထိုင်းဘတ်ငွေသိန်း ၂၀ ခန့်၊ )၊ အိပ်ခန်းတွင်းမှ ထိုင်းဘတ်ငွေသိန်း ၂၀ ၊ လက်ကိုင်ဖုန်း ခုနစ်လုံး စုစုပေါင်း ကျပ်သိန်း ၂၉၀၀ ခန့် ယူဆောင်သွားကြောင်း တာချီလိတ်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနထံမှ သိရသည်။ 

အဆိုပါဖြစ်စဉ်ကို တရားခံများ ဖမ်းဆီးရမိရေးအတွက် အမြန်ဆုံးဆောင်ရွက်နေကြောင်း တာချီလိတ်မြို့နယ် အုပ်ချုပ်ရေးမှူးက ပြောကြားသည်။

Eleven Media Group

0 comments:

Post a Comment