Friday, March 29, 2019

စည်ပင်ရွေးကောက်ပွဲ သမ္မတမဲလာပေးမည်



မတ်လ ၃၁ရက်နေ့ တွင် ကျင်းပမည့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ရွေးကောက်ပွဲ သို့ သမ္မတ ကိုယ်တိုင်လာရောက်၍ မဲပေးမည်ဟု သိရသည်။ 

တာမွေမဲဆန္ဒနယ်မှ နေ၍ ပြည်သူလူထုနှင့်အတူ မဲလာရောက်ပေးမည် ဟု သိရသည်။ 

“အရင် ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲတုန်း မဲလာပေးတဲ့ ခြင်းလုံးရုံမှာပဲ မတ် ၃၁ ရက်နေ့ မှာ မဲလာပေးမှာပါ”ဟု NLD ပါတီ မှ တာမွေမြို့နယ် စည်ပင်ရွေးကောက်ပွဲဝင်ရောက်မည့် ကိုယ်စားလှယ်လောင်းတစ်ဦးကပြောသည်။ 

ရန်ကုန်မြို့တော် စည်ပင်သာယာရွေးကောက်ပွဲ ရွေးကောက်ကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ခိုင်က သမ္မတမဲပေးမည်မှာမှန်ကန်ကြောင်း အတည်ပြုပြောကြားသည်။ 

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် သမ္မတတာဝန် ထမ်းဆောင်လျက် ရှိသော်လည်း ၄င်း၏ အိမ်ထောင်စု စာရင်းမှာ မူလနေထိုင်သည့် တာမွေမြို့နယ်၌တွင်သာ ရှိသောကြောင့် ယခုကဲ့သို့ ဆန္ဒမဲ လာရောက် ပေးခြင်း ဖြစ်သည်။ 

ပြီးခဲ့သည့် ၂၀၁၈ နိုဝင်ဘာ ၃ရက်နေ့က နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် ဇနီး ဒေါ်ချိုချိုတို့သည် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပနေသည့် တာမွေမြို့နယ် ကျားကွက်သစ် ရက်ကွက်ရှိ မဲရုံ အမှတ် (၃) တွင် ဆန္ဒမဲ လာရောက်ပေးခဲ့သည်။ 

ရန်ကုန်မြို့တော် စည်ပင်သာယာရွေးကောက်ပွဲ မတ် ၃၁ ရက်နေ့တွင် ကျင်းပမည်ဖြစ်ပြီး ဝင်ရောက်ယှဉ်ပြိုင်သူ ၂၇၂ ဦးအနက် မြို့တော် ကော်မတီဝင် ၆ ဦး၊ မြို့နယ် ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင် ၉၉ ဦးတို့ကို ပြည်သူ့ ကိုယ်စားလှယ်များ အဖြစ် ရွေးချယ်တင်မြှောက်ကြမည် ဖြစ်သည်။ 

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ပြီးခဲ့သည့် မတ်လ၂၃ရက်နေ့က စည်ပင်ရွေးကောက်ပွဲ အတွက် ကြိုတင်မဲကို ဗဟန်းမြို့နယ် မဲဆန္ဒနယ်မှနေ၍ မဲပေးခဲ့ပြီး ဖြစ်ကြောင်းသိရသည်။ 

NW
Isee Media 

0 comments:

Post a Comment