Friday, July 13, 2018

မြန်မာလုပ်သားများအပေါ် ထိုင်းအလုပ်ရှင် တရားစွဲမှုကို ထိုင်းတရားရုံးပယ်ချ


ထိုင်းနိုင်ငံ ကြက်မွေးမြူ ရေးခြံတွင် အလုပ်လုပ်နေသော မြန်မာလုပ်သား ၁၄ ဦးကို အလုပ်ရှင်က အသရေဖျက်မှုဖြင့် တရားစွဲဆိုထားမှုအပေါ် ထိုင်းတရားရုံး က ပယ်ချခဲ့သည်။

ထိုင်းအလုပ်ရှင်၏တရားစွဲ ဆိုမှုကို တရားရုံးက မြန်မာလုပ် သားများအား အနိုင်ပေးလိုက်ခြင်း သည် မြန်မာလုပ်သားများအ တွက် ရှားရှားပါးပါး အနိုင်ရရှိမှု ဖြစ်ကြောင်း ထိုင်းရောက် မြန်မာ အဖွဲ့အစည်းများက ပြောသည်။

ထိုင်းနိုင်ငံ လွတ်ပူရီခရိုင်ရှိ ကြက်မွေးမြူရေးခြံတွင် လုပ်ကိုင် နေသော မြန်မာလုပ်သား ၁၄ ဦးသည် အဓမ္မစေခိုင်းခံရခြင်း၊ အလုပ်သမားအခွင့်အရေးချိုး ဖောက်ခံရခြင်းကြောင့်  ကြက်ခြံ ပိုင်ရှင်နှင့်  ယင်းကြက်များထုတ် လုပ်တင်ပို့နေသော Betagro ကုမ္ပဏီကို နစ်နာကြေးပေးရန် တရားစွဲဆိုရာ ထိုင်းဗဟိုတရားရုံး က ဘတ် ၁ ဒသမ ၇ သန်း (မြန်မာငွေကျပ်သိန်း ၆၈၀) ပေးအပ်ရန် ၂၀၁၇ စက်တင်ဘာ ၁၄ ရက်တွင် အမိန့်ချသည်။

ထိုင်းဗဟိုတရားရုံးက ဘတ် ၁ ဒသမ ၇ သန်း ပေးဆောင်ရန် အမိန့်ချမှတ်ထားသော်လည်း လက်ရှိထိ နစ်နာကြေးများမရရှိသေး ကြောင်း မြန်မာလုပ်သား ၁၄ ဦးအရေး ကူညီဆောင်ရွက်ပေးနေ သော ထိုင်းနိုင်ငံအခြေစိုက် ရွှေ့ ပြောင်းအလုပ်သမားအခွင့်အရေး ကွန်ရက် (MWRN) ဥက္ကဋ္ဌ ဦးစိန် ဌေးက ပြောသည်။

မြန်မာလုပ်သား ၁၄ ဦးသည် ယင်းကြက်ခြံတွင် ၂၀၁၂ ကတည်း က လုပ်ကိုင်ခဲ့ပြီး  ငါးနှစ်အတွင်း လုပ်အားခများရှင်းပေးခြင်း မရှိသည့်အပြင် အသရေဖျက်မှုဖြင့် ကြက်ခြံပိုင်ရှင်က   ၂၀၁၆တွင် အမှုဖွင့်တိုင်ထားခြင်းဖြစ်သည်။

‘‘အလုပ်ရှင်တွေကျတော့ ငွေအားရော၊ လူအားရော ရှိတာ ပေါ့။ အလုပ်သမားတွေကျတော့ အမှုကို ရင်ဆိုင်မယ်ဆိုရင် အမှု အတွက် အချိန်ပေးရတယ်။ အချိန်ကုန်တယ်။ လူပင်ပန်းတယ်။ နှစ် နဲ့ချီပြီး ရင်ဆိုင်ရတာပေါ့။ အဲဒါ ကြောင့် ထိုင်းအလုပ်ရှင်တွေက အမှုရင်ဆိုင်ရင် အများကြီးအသာ ရကြတယ်။ ဒါကြောင့် အလုပ်သ မားတွေက ကိုယ့်ရဲ့အခွင့်အရေး ကို တောင်းဆိုဖို့ရာ ခက်ခဲတာပေါ့’’ ဟု ဦးစိန်ဌေးက ပြောသည်။

‘‘ထိုင်းနိုင်ငံမှာ ကြက်သား တင်ပို့တဲ့ လုပ်ငန်းက အလွန်ကြီး မားပါတယ်။ အလုပ်သမားတွေ သိန်းနဲ့ချီပြီး မှီခိုနေကြတယ်။ ပင် လယ်စာတင်ပို့မှုကိုသာ လူ့အခွင့် အရေးလှုပ်ရှားသူတွေက လုပ်ပေး နေကြတယ်။ ကြက်သားတင်ပို့မှု မှာလည်း လူ့အခွင့်အရေးချိုး ဖောက်မှုတွေ ရှိနေပါတယ်’’ဟု ဦးစိန်ဌေးက ပြောသည်။

7Day

0 comments:

Post a Comment