Friday, July 13, 2018

သမ္မတ ဦးဝင်းမြင့် ကုလအထူးကိုယ်စားလှယ်ကို ပထမအကြိမ်လက်ခံတွေ့ဆုံ


နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် ကုလသမဂ္ဂအ တွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံ ဆိုင်ရာအထူးကိုယ်စားလှယ် မစ္စစ်ခရစ္စတင်း ရှယန်နာ ဘာဂီနာကို သမ္မတအိမ်တော်၌ ယမန်နေ့က လက်ခံတွေ့ဆုံသည်။

 တွေ့ဆုံစဉ် ရခိုင်ပြည်နယ် အရေး၊ ပြည်တွင်းငြိမ်းချမ်းရေး ဖြစ်စဉ်နှင့် ဒီမိုကရေစီအသွင်ကူး ပြောင်းရေးလုပ်ငန်းစဉ်များ၊ ဒီမို ကရေစီနှင့် လူ့အခွင့်အရေး၊ တရားဥပဒေစိုးမိုးရေးကိစ္စရပ်များ ထည့်သွင်းဆွေးနွေးကြောင်း သမ္မတရုံး၏ ထုတ်ပြန်ချက်၌ ဖော်ပြသည်။

မြန်မာနိုင်ငံဆိုင်ရာ အထူး ကိုယ်စားလှယ် မစ္စစ်ခရစ္စတင်းရှ ယန်နာဘာဂီနာသည် နေပြည် တော်သို့ ဒုတိယအကြိမ်လာ ရောက်ခြင်းဖြစ်ပြီး ပြီးခဲ့သည့် ဇွန်လတွင် လာရောက်စဉ်က နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် တွေ့ဆုံနိုင်ခြင်းမရှိပေ။

အလားတူတပ်မတော်ကာ ကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင်က အထက် ပါကုလအထူးကိုယ်စားလှယ်ကို ယမန်နေ့တွင် လက်ခံတွေ့ဆုံ၍ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီအရေး နှင့် ရခိုင်ပြည်နယ်အရေးထည့်သွင်းဆွေးနွေးသည်။

ထို့အပြင် ၂၁ ရာစုပင်လုံ တတိယအစည်းအဝေးနှင့် ထာဝရ ငြိမ်းချမ်းရေးရရှိရန် အစိုးရနှင့် တပ်မတော်က ဆောင်ရွက်နေမှုအခြေအနေ၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များ ဆွေးနွေးခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။

ကုလအထူးကိုယ်စားလှယ် သည် လက်ရှိကျင်းပနေသော ၂၁ ရာစုပင်လုံ တတိယအစည်းအ ဝေးတက်ရောက်ရန် နေပြည် တော်သို့ ရောက်ရှိနေပြီး ယမန်နေ့တွင် နိုင်ငံခြားရေးဝန်ကြီးဌာန၌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံခဲ့သည်။

 တွေ့ဆုံရာတွင် လူ့အခွင့် အရေးကာကွယ်မြှင့်တင်ရေးနှင့် ၂၁ ရာစုပင်လုံအပါအ၀င် ငြိမ်း ချမ်းရေးလုပ်ငန်းစဉ်၌ ကုလသမဂ္ဂက ကူညီပံ့ပိုးပေးနိုင်မည့် ကိစ္စများဆွေးနွေးကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ဇူလိုင် ၁၁ ရက်တွင် ထုတ်ပြန်သည်။

ရခိုင်ပြည်နယ်မှ နေရပ်စွန့် ခွာသူများကို ပြန်လည်လက်ခံရေး၊ နေရာချထားရေးလုပ်ငန်းစဉ်တို့နှင့် ပတ်သက်၍ မြန်မာနိုင်ငံနှင့် ကုလသမဂ္ဂအကြား လက်မှတ်ရေးထိုးထားသည့် MoU အကောင်အထည်ဖော်ဆောင်ရွက်မှု၊ ရခိုင်ပြည်နယ်ရှိ လူ့အသိုက်အ၀န်းများအကြား သဟဇာတရှိရေးနှင့် ယုံကြည်မှုပြန်လည်တည်ဆောက်ရေးဆောင်ရွက်ရန် ထည့်သွင်းဆွေးနွေးကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

7Day

0 comments:

Post a Comment