Friday, July 13, 2018

USDP ၏ ရပ်ကျေး ပါတီ ဥက္ကဋ္ဌ တာဝန်ပေးအပ်ပွဲကျင်းပ


မန္တလေးခရိုင် အမရပူရမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၄၂) အုပ်စု ၊ ရပ်ကွက် (၉) ခု အတွက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ရပ်ကျေး ပါတီ ဥက္ကဋ္ဌ တာဝန်ပေးအပ်ပွဲကို ဇူလိုင်လ ၁၃ ရက်က ကျင်းပပြုလုပ်ခဲ့သည်။

ထို့အပြင် အမရပူရမြို့နယ်အတွင်း၌ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပါတီဝင်အသစ် (၅၁၀) အတွက်လည်း ပါတီဝင် အဆိုပြုလွှာများပေးအပ်ခဲ့ကြသည်။

"ဒီလိုပွဲမျိုးကို မန္တလေးတိုင်းဒေသကြီးအတွင်းမှာ မြို့နယ်အကုန်လုံး လုပ်သွားမှာပါ ။ တစ်နိုင်ငံလုံးအနေနဲ့လည်း ရန်ကုန်တိုင်းဒေသကြီး မကွေးတိုင်းဒေသကြီး တို့မှာလုပ်နေတယ် ။ နောက်လထဲမှာလည်း ဧရာဝတီတိုင်းဒေသကြီးမှာ ဆောင်ရွက်သွားဖို့ရှိတယ် " ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦး က ပြောသည်။

ထိုသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ရပ်ကျေး ပါတီစည်းရုံးရေးမှူးများအား ဥက္ကဋ္ဌ များအဖြစ်အဆင့်တိုးမြှင့်၍ တာဝန်ပေးခြင်းဖြစ်ကြောင်း သိရသည်။

ယင်းရပ်ကျေး ပါတီ ဥက္ကဋ္ဌ တာဝန်ပေးအပ်ခြင်းနှင့် ပါတီဝင်အသစ် အဆိုပြုလွှာပေးအပ်ခြင်း အခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝဏ္ဏမောင်လွင် ၊ ဦးဝင်းမောင် နှင့် ဦးသိန်းထွန်းဦး တို့တက်ရောက်ခဲ့သည်။

The Fifth Wave News

0 comments:

Post a Comment