Sunday, July 15, 2018

အိမ်ဖော်အား အဓမ္မပြုကျင့်ခဲ့သည်ဆိုသော သရုပ်ဆောင်သီဟတင်စိုးက ဇနီးနှင့်ကတောက်ကဆဖြစ်ပြီး နေအိမ်မှထွက်သွားသည်ဟု ဆို


အိမ်ဖော်အမျိုးသမီးကို အဓမ္မပြုကျင့်ခဲ့သည်ဆိုခြင်းကြောင့် အမှုဖွင့်ခံထားရသော သရုပ်ဆောင်သီဟတင်စိုးသည် ဇနီးဖြစ်သူနှင့် ကတောက်ကဆဖြစ်ပွားပြီး နေအိမ်မှထွက်သွားခဲ့သဖြင့် ပြန်ရောက်လာပါက ရဲစခန်းသို့ ဆက်သွယ်ရန်မှာကြားထားကြောင်း သိရသည်။

အသက်(၄၀)နှစ်အရွယ် အိမ်ဖော်အမျိုးသမီးက ဇူလိုင်လ ၁၃ ရက်တွင် အဓမ္မပြုကျင့်ခဲ့သည်ဟုဆိုကာ သင်္ဃန်းကျွန်းမြို့ နယ် သုဝဏ္ဏနယ်မြေရဲစခန်းသို့ ဇူလိုင်လ ၁၄ ရက်တွင် တိုင်ကြားခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် အဆိုပါအမှုအတွက် သရုပ်ဆောင်သီဟတင်စိုး၏ ထွက်ဆိုချက်နှင့်စစ်ဆေးခံချက်က အထူးအရေးပါလာနေကြောင်းလည်း သိရသည်။ " ကျွန်တော်တို့ အခုသွားတဲ့အချိန်တွေမှာတော့ သီဟတင်စိုးဟာ သူ့အမျိုးသမီးနဲ့ ကတောက်ကဆဖြစ်ပြီးတော့ နေအိမ်ကနေ ထွက်သွားခဲ့တယ်လို့ သိရတဲ့အတွက် ကျွန်တော်တို့က သူ့တို့အိမ်ရဲ့အခင်းဖြစ်ရပ်ကို ရဲလုပ်ငန်းစဉ်အရ လုပ်သင့်လုပ်ထိုက်တဲ့ လုပ်ငန်းဆောင်တာတွေကို လုပ်ပြီးတော့ သီဟတင်စိုးပြန်ရောက်လာရင် ရဲစခန်းကို လာရောက်ဖို့နဲ့ ဒါမှမဟုတ်ရင် ကျွန်တော်တို့ကို ဆက်သွယ်အကြောင်းကြားဖို့ မှားကြားထားခဲ့ပါတယ်။ ပြစ်မှုဆိုင်ရာတစ်ခုကို ရင်ဆိုင်ဖြေရှင်းဖို့ လာရောက်လိမ့်မယ်လို့လည်း ကျွန်တော်တို့အနေနဲ့ ယုံကြည်ထားတယ် " ဟု သုဝဏ္ဏနယ်မြေရဲစခန်းမှ စခန်းမှူးရဲအုပ်သန်းနိုင်က ဇူလိုင်လ ၁၅ ရက် ညပိုင်းတွင် အကုန်သိသတင်းဌာနသို့ ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏ၊ ကြီးပွားရေးရပ်ကွက်၊ ပြည်ထောင်စုရိပ်မွန်အိမ်ယာ၊ အသောကလမ်းနေ သရုပ်ဆောင်သီဟတင်စိုးသည် နေအိမ်၌ ယောက္ခမဖြစ်သူအား အနီးကပ်နေ၍ ပြုစုပေးရန်ခေါ်ထားသည့် အသက် ၄၀ နှစ်ရှိ အိမ်ဖော်အမျိုးသမီးအား ဇူလိုင်လ ၁၃ ရက်၊ ညပိုင်းက ဇနီးဖြစ်သူ ဒေါ်ဇင်မာဦးနှင့် သားဖြစ်သူတို့ အပြင်သွားနေခိုက် အဓမ္မပြုကျင့်ခဲ့သည်ဆိုခြင်းကြောင့် ရဲစခန်းတွင် ဇူလိုင်လ ၁၄ ရက်၊ ညပိုင်းက အမှုဖွင့်ခံရခြင်းလည်းဖြစ်သည်။ အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ သီဟတင်စိုးကို သုဝဏ္ဏနယ်မြေရဲစခန်းက (ပ)၃၈၆/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ-၃၇၆ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။ လတ်တလောတွင် အဓမ္မပြုကျင့်ခံရသည်ဆိုသောအမျိုးသမီးမှာ သီဟတင်စိုး၏အိမ်တွင်မနေတော့ဘဲ သီးခြားနေရာတစ်ခု၌ ရှိနေပြီး အဓမ္မပြုကျင့်ခံရသည်ဆိုသူကို လိုအပ်သောစစ်ဆေးမှုအချို့ လုပ်ဆောင်ထားကြောင်းလည်း သိရသည်။

လက်ရှိကာလအထိ အမှားအမှန်ေ၀၀ါးနေဆဲဖြစ်သော အမှုအတွက် နယ်မြေရဲတပ်ဖွဲ့ က ဇူလိုင်လ ၁၆ ရက်(ယနေ့ ) နံနက်ပိုင်းတွင် သီဟတင်စိုး၏အိမ်သို့ သွားရောက်၍ လိုအပ်သောစစ်ဆေးမှုများ ထပ်မံလုပ်ဆောင်ဦးမည်ဖြစ်ကြောင်း သိရသည်။

နိုင်မင်းလွင် (အကုန်သိသတင်းဌာန)

0 comments:

Post a Comment