Saturday, December 1, 2018

နယ်သာလန်အစိုးရ၏ လူ့အခွင့်အရေးဆိုင်ရာဆုကို မောင်ဆောင်းခနှင့် ၎င်း၏အဖွဲ့ အသံ(Athan) ရရှိ


နယ်သာလန်အစိုးရ သည် ၂၀၁၈ အတွက် လူ့အခွင့် အရေး ကျူလစ်မြန်မာ (Human Rights Tulip Myanmar 2018) ဆုကို လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့် လှုပ်ရှားသူ မောင် ဆောင်းခနှင့် ၎င်းဦးဆောင်သည့် အသံ (Athan) အဖွဲ့တို့ကို ပေး အပ်ချီးမြှင့်ကြောင်း ယမန်နေ့တွင် ထုတ်ပြန်သည်။ 
နယ်သာလန်အစိုးရသည် မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အ ရေး ကျူလစ်ဆုအတွက် မောင် ဆောင်းခနှင့် ၎င်းတည်ထောင် သည့် အသံအဖွဲ့ကို ပြည်တွင်း၌ လွတ်လပ်စွာ ထုတ်ဖော်ပြောဆို ခွင့်မြှင့်တင်ရေးနှင့် ကာကွယ်ရေး တို့ကို ထူးချွန်စွာ ဆောင်ရွက်ခဲ့ သဖြင့် ပေးအပ်ရန် ဆုံးဖြတ်ခြင်း ဖြစ်ကြောင်း သံရုံးအကြောင်း ကြားစာ၌ ဖော်ပြသည်။ 

‘‘ဒီဆုရတာ ကျွန်တော်တို့ နိုင်ငံမှာ လူ့အခွင့်အရေးနဲ့ လွတ် လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် အ ခြေအနေတွေဟာ မကောင်းသေး ဘူးဆိုတာ ပြတဲ့သဘော။ ပြော ချင်တာက ကျွန်တော်တို့ ဆက် လုပ်ဖို့ တွန်းအားဖြစ်စေတယ်’’ဟု မောင်ဆောင်းခကပြောသည်။ 

နယ်သာလန်နိုင်ငံခြားရေး ဌာနသည် ကမ္ဘာတစ်ဝန်း လူ့အ ခွင့်အရေးမြှင့်တင်ခြင်းနှင့် ကာ ကွယ်ခြင်းကို စွမ်းစွမ်းတမံဆောင်ရွက်ခဲ့သည့် လူ့အခွင့်အရေး ကာကွယ်သူများအား တစ်နှစ်တစ်ကြိမ် လူ့အခွင့်အရေး ကျူလစ်ဆု ချီးမြှင့်လေ့ရှိသည်။ ယခုနှစ်တွင် ကမ္ဘာတစ်လွှားရှိ နယ်သာလန် သံရုံးများက ပထမဆုံးအဖြစ် လူ့အခွင့်အရေး ကာကွယ်သူများကို သက်ဆိုင်ရာနိုင်ငံအလိုက် ကျူလစ်ဆုများ ပေးအပ်ချီးမြှင့်ခြင်း ဖြစ်သည်။ 

လက်ရှိတွင် နိုင်ငံသားများ၏ အခန်းကဏ္ဍ၊ သဘောထားကွဲလွဲ သူများ၏ အသံများသည် မြန်မာနိုင်ငံ၌ နည်းပါးသွား၍ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အတွက်အသံ (Athan) အဖွဲ့အစည်းနှင့် အတူ မောင်ဆောင်းခ၏ မှတ်တမ်းမှတ်ရာများ၊ အချက်အလက် အခြေခံဟောပြောမှုများက ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ရှေ့ လုပ်ငန်းစဉ်ကို တွန်းအားပေးရန် မရှိမဖြစ်အရေးပါကြောင်း ဆက် လက်ဖော်ပြသည်။ 

အထက်ပါဆုကို ပေးအပ် ခြင်းဖြင့် နယ်သာလန်အစိုးရသည် မျိုးဆက်သစ်တက်ကြွလှုပ်ရှားသူ နှင့် လူငယ်တစ်ဦးအတွက် အား ပေးချီးမြှင့်ခြင်းသက်သက်မဟုတ် ဘဲ အရေးပါသည့်အကြောင်း တရားများ ဆောင်ရွက်ရန် အခြားသူများ နိုးကြားတက်ကြွစေရန် မျှော်လင့်ကြောင်း အကြောင်း ကြားစာ၌ ဖော်ပြသည်။ 

‘‘ကျွန်တော်တို့အနေနဲ့ ဆုရတာ၊ မရတာဆိုတာထက် လုပ် စရာရှိတာတော့ ဆက်လုပ်နေမှာပါ။ ဆုရလိုက်လို့လည်း အတင်း ကာရော ပြောသွားမှာမဟုတ်ဘူး။ ကျွန်တော်တို့ ယုံကြည်တဲ့ နိုင်ငံ ရေးခံယူချက်ရှိတယ်။ အဲဒီကိုသွားမယ့် နည်းလမ်းရှိထားပြီး သား။ အထူးသဖြင့် ကျွန်တော်တို့ အဖွဲ့က လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်နဲ့ပတ်သက်ပြီး အဟန့်အတားဖြစ်နေတဲ့ ဥပဒေတွေပြင် ရေး ကြိုးစားမယ်။ တစိုက်မတ်မတ် ကျွန်တော်တို့ ယုံယုံကြည် ကြည် ဆက်သွားမယ်ဆိုတာ ပြောချင်ပါတယ်’’ဟု အသက်(၂၅)နှစ်အရွယ် မောင်ဆောင်းခက ဆို သည်။ 

မြန်မာနိုင်ငံဆိုင်ရာ နယ်သာလန်သံအမတ်ကြီးသည် နိုင်ငံတကာ လူ့အခွင့်အရေးနေ့ အခမ်းအနားပြုလုပ်မည့် ဒီဇင်ဘာ ၁၁ ရက်တွင် အထက်ပါဆုချီးမြှင့်ပွဲ ကျင်းပမည်ဖြစ်ပြီး တက်ရောက် ဆုလက်ခံယူရန် မောင်ဆောင်းခနှင့် အသံအဖွဲ့ကို ဖိတ်ကြားထား သည်။ 

အသံအဖွဲ့သည် ပုဂ္ဂိုလ်ရေးများအပေါ် မကြည့်ဘဲ ပြည်သူ တစ်ဦးချင်းစီ၏ ရပိုင်ခွင့်များ၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆို ခွင့်များအပေါ်တွင် ခိုင်မာစွာရပ် တည်ဆောင်ရွက်မည်ဖြစ်ပြီး အစီ ရင်ခံစာထုတ်ပြန်ခြင်း၊ ဟောပြော ခြင်းတို့ ဆက်လက်ဆောင်ရွက် မည်ဖြစ်ကြောင်း ၎င်းက ပြော သည်။ 

လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့် လှုပ်ရှားမှုအဖွဲ့ အသံ (Athan)ကို ၂၀၁၈ ဇန်နဝါရီတွင် စတင်ဖွဲ့စည်းကာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ ရေးသား ခွင့်များနှင့်ပတ်သက်၍ အစီရင် စာထုတ်ပြန်ခြင်း၊ လေ့လာစောင့် ကြည့်ခြင်းများ ပြုလုပ်ခဲ့ပြီး အောက်တိုဘာ ၁၈ ရက်တွင် အသံအဖွဲ့၏ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့် (အစိုးရသက်တမ်းဝက် အစီရင်ခံစာ) ထုတ်ပြန်ခဲ့သည်။ 

အသံအဖွဲ့ မတည်ထောင်မီ ကဗျာဆရာ မောင်ဆောင်းခသည် ဆက်သွယ်ရေးဥပဒေ အမြန်ဆုံး ပြင်ဆင်ပေးရေး လှုပ်ရှားမှုကော် မတီအဖွဲ့ဝင်အဖြစ် ဆောင်ရွက် ခဲ့ပြီး ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(ဃ) ပြင်ဆင်ပေးရေးကို တောင်းဆို ဟောပြောမှုများ ဆောင်ရွက်ခဲ့သည်။ ၎င်းသည် သမ္မတဟောင်း ဦးသိန်းစိန် လက်ထက်တွင် နိုင်ငံတော်သမ္မတကို လှောင်ပြောင်သည်ဆိုသော ‘ပုံရိပ်’အ မည်ရှိ ကဗျာရေးသားသည် ဟု စွပ်စွဲချက်ဖြင့် ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆(ဃ)ဖြင့် တရားစွဲ ဆိုခံရပြီး ထောင်ဒဏ်ခြောက်လ ချမှတ်ခံခဲ့ရသည်။

7Day

0 comments:

Post a Comment