Saturday, December 1, 2018

အမှုရုပ်သိမ်းရန် ဦးဟန်ထူး၏ ဇနီးမှတစ်ဆင့် ကျပ်သိန်း ၁၅၀ လာဘ်ထိုးခဲ့ဟုဆို


သရုပ်ဆောင်အောင်ရဲ ထွေး သေဆုံးမှုကို ရုပ်သိမ်းရန်ရန်ကုန်တိုင်း ဥပဒေချုပ်ဟောင်းဦးဟန်ထူး၏ဇနီးထံမှတစ်ဆင့် ကျပ်သိန်း ၁၅၀ လာဘ်ထိုးမှုကို တရားလိုဖြစ်သူ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှ ဦးမိုးနိုင်က ယမန်နေ့ရုံးချိန်းတွင် ထွက်ဆိုသည်။
အောင်ရဲထွေး သေဆုံးမှု တွင် စွပ်စွဲခံထားရသည့် သန်းထွဋ် အောင်(ခ)သားကြီး၏ ဖခင်က အမှုရုပ်သိမ်းရာတွင် လိုအပ်သည့် ရန်ကုန်တိုင်းဥပဒေချုပ်၏ မှတ်ချက်ရရှိရေး ဦးဟန်ထူးနှင့်ရင်းနှီးသော ၎င်း၏မိတ်ဆွေ ဆောက်လုပ်ရေးလုပ်ငန်းရှင် ဦးမောင်မောင် လတ်၏ အကူအညီဖြင့် ဦးဟန်ထူး၏ဇနီး ဒေါ်ခင်ခင်ကြွယ်ထံသို့ ကျပ်သိန်း ၁၅၀ ပေးအပ်ခဲ့ကြောင်း ဦးမိုးနိုင်က ရုံးတော်တွင် ထွက်ဆိုသည်။ 

ပြီးခဲ့သည့် ဇူလိုင် ၆ ရက် တွင် ဦးမောင်မောင်လတ်က ဦးဟန်ထူးအိမ်သို့ ကျပ်သိန်း ၁၅၀ သွားရောက်ပေးအပ်ခဲ့ကြောင်း ထွက်ဆိုသည်။ 

ဇူလိုင် ၉ ရက်တွင် ဦးမောင် မောင်လတ်က ဒေါ်ခင်ခင်ကြွယ် ထံသို့ ဖုန်းဖြင့်အမှုအခြေအနေ ဆက်သွယ်မေးမြန်းရာ အမှုရုပ်သိမ်းခွင့်ပြုပြီးဖြစ်ကြောင်း ပြန်လည်ပြောကြားသည်ဟု တရားလိုက ထွက်ဆိုသည်။ 

ထို့အပြင် ဦးဟန်ထူး၏ ရုံး ခန်းသို့ သွားရောက်တွေ့ဆုံစဉ် က ပြင်ပဧည့်သည်ကို လက်ခံတွေ့ဆုံခြင်းမပြုသဖြင့် ဦးဟန်ထူး၏ ကိုယ်ရေးအရာရှိ ဦးသူရဟိန်းမှတစ်ဆင့် Blue Label တစ်လုံး၊ ရှပ်အင်္ကျီ တစ်ထည်နှင့် ကျပ်သိန်း ၃၀ ပေးအပ်ခဲ့သည်ဟု ဦးမိုးနိုင်က ဆက်လက်ထွက်ဆိုသည်။ 

‘‘တရားလိုဖြစ်သူက သူတို့ စစ်ဆေးတွေ့ရှိချက်တွေကို ရုံး တော်ရှေ့မှာ ထွက်ဆိုနေတာပါ။ ကျွန်တော်တို့ဘက်ကလည်း ဘယ်လိုခုခံကာကွယ်မယ်ဆိုတာ သူ့ထွက်ဆိုချက်တွေ အားလုံးပြီးစီးသွားတဲ့အခါကျမှ ဆုံးဖြတ်ရမှာပါ’’ဟု ဦးဟန်ထူး၏ ဥပဒေအကျိုးဆောင် တရားလွှတ်တော်ရှေ့နေဦးမင်းစိန်က တရားခွင်အပြီးတွင် ပြောကြားသည်။ 

ထို့အပြင် အဂတိလိုက်စား မှု တိုက်ဖျက်ရေးဥပဒေဖြင့် တရား စွဲခံထားရသည့် ဒုတိယခရိုင် တရားသူကြီးဟောင်း ဦးအောင် ကြည်၊ ခရိုင်ဥပဒေအရာရှိ ဦးကို ကိုလေး၊ ရန်ကုန်တိုင်းဥပဒေအ ရာရှိ ဦးသိန်းဇော်နှင့် ဒုခရိုင်ဥပဒေ အရာရှိ ဒေါ်သစ်သစ်ခင်တို့ ငွေ လက်ခံရယူခဲ့သည်များကို တရား လိုဦးမိုးနိုင်က ဆက်လက်ထွက်ဆို သည်။ တရားလို ဦးမိုးနိုင်ကို ဒီဇင် ဘာ ၇ ရက်တွင် ဆက်လက်စစ် ဆေးမည်ဖြစ်သည်။ 

7Day

0 comments:

Post a Comment