Saturday, December 1, 2018

အင်ဒိုနီးရှားတွင် အကျဉ်းသား ၁၀၀ ကျော် ထောင်ဖောက်ထွက်ပြေး



အင်ဒိုနီးရှားနိုင်ငံ ဘန်ဒါ-အာချေးပြည်နယ် အကျဉ်းထောင်တခုမှာ နိုဝင်ဘာ ၂၉ ရက်နေ့က အဓိကရုဏ်း ဖြစ်ပြီးနောက် အကျဉ်းသား ၁၀၀ ကျော် ထွက်ပြေးလွတ်မြောက်သွားပါတယ်။ 
အကျဉ်းထောင်အတွင်း တင်းကျပ်တဲ့ စည်းကမ်းထုတ်ပြန်ခဲ့တာကြောင့် အဓိကရုဏ်းဖြစ်ခဲ့ပြီး အကျဉ်းသား ၁၁၃ ဦး လွတ်မြောက်သွားခဲ့တာပါ။ 

အကျဥ်းသားတွေက အစောင့်တွေကို ရေနဲ့ပက်ပြီး အားကစားခန်းမအတွင်းက အလေးမ ပစ္စည်းတွေနဲ့ ထောင်ကို ဖောက်ခဲ့တာလို့ အာဏာပိုင်တွေက ပြောပါတယ်။ 

ထွက်ပြေးခဲ့တဲ့ အကျဉ်းသားတွေထဲက ၂၆ ယောက်ကို အာဏာပိုင်တွေက ပြန်လည် ဖမ်းဆီးရမိခဲ့ပါတယ်။ 

အကျဥ်းဦးစီးဌာန ညွှန်ချုပ်က ထွက်ပြေးလွတ်မြောက်သွားတဲ့ အကျဉ်းသားတွေကို ပြန်လည် ဖမ်းဆီးဖို့ အထူးတပ်ဖွဲ့ ဖွဲ့စည်းထားတယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ 

ဒီအတွက် လွတ်မြောက်အကျဥ်းသားတွေအနေနဲ့ ပြန်လည်အဖမ်းခံဖို့ သူက တိုက်တွန်းခဲ့ပါတယ်။ 


အဆိုပါ အကျဉ်းထောင်ဟာ လူ ၈၀၀ လောက် ဆံ့ပြီး လောလောဆယ် အကျဉ်းသား ၇၂၆ ယောက်ရှိတယ်လို့ သိရပါတယ်။ အကျဉ်းသား အများစုဟာ မူးယစ်ဆေးရောင်းဝယ်မှုနဲ့ အကျဉ်းကျနေတာလို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

DVB 

0 comments:

Post a Comment