မန္တလေးမြို့ ကျုံးအရှေ့ဘက် ၆၆ လမ်း။ ၁၂ လမ်းနင့် ၂၆လမ်းကြားတွင် ပြုပြင်ထိန်းသိမ်းရာတွင် ကျုံးရေပြင်အကာအရံထားရှိမှုနင့် အကာအရံမပါဘဲထားရှိမှု ဒီဇိုင်းနစ်ခုကို အများပြည်သူထံချပြ အကြံပြုစာတောင်းခံထားကြောင်းသိရသည်။
အဆိုပါ ဒီဇိုင်း ၂ ခုတွင် ပန်းပင်များ။နားနေရန်နေရာများပါဝင်၍ စတီးသံကြိုးအကာ ပါသည်နင့် မပါသည့်ဒီဇိုင်းသာကွာခြားပြီး အများမြင်သာအောင် ဗီနိုင်းဖြင့်ချိတ်ဆွဲကာ ကျုံးထောင့်နေရာများတွင် ပြသထားသည်။
" အကာအရံပါတာနဲ့ မပါတာ ဒီဇိုင်းကနှစ်မျိုးပေါ့ အဲ့တိုင်းလည်းဖြစ်ချင်ဖြစ်မယ် ။အများဆန္ဒပြုတာက တောင်ဘက်ကအတိုင်းစတီးအကာမျိုးလည်းးဖြစ်ချင်ဖြစ်မှာပေါ့ အဲ့ဒါကတော့ အခုထိမဆုံးဖြတ်ရသေးဘူးပေါ့။ကျွန်တော်တို့ငယ်ငယ်တုန်းကတော့ ဘာမှအကာအရံမရှိခဲ့ပါဘူး လူတွေ ကျုံးထဲဆင်းမဆော့ဘူးဆိုရင်တော့အဆင်ပြေပါတယ် ။ကျွန်တော့အထင်တော့ လူတွေစည်းကမ်းရှိဖို့အတွက်တော့ အကာအရံကတော့လိုလိမ့်မယ်ထင်တယ်။"ဟု မန္တလေးစည်ပင်သာယာရေးကော်မတီဝင် ဦး ကျောဆန်းမြင့်ကပြောသည်။
အစိုးရတိုင်းလက်ထက်တွင် ကျုံးနှင့်ပတ်သက်ပြီး ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့ကြရာ NLD အစိုးရလက်ထက်တွင်လည်း ကျုံးတောင်ဘက်၂၆ လမ်း ။ ၆၆ လမ်းမှ လမ်း၈၀ အကြား ကျုံးအကာအရံများကို ယခင်အစိုးရလကိထက်က ပြုလုပ်ခဲ့သည့် သံပန်းအကာများကိုဖြုတ်ချ၍ စတီးအကာအရံများတပ်ဆင်ခဲ့ကာ လျောက်လမ်းများလည်း ပြုပြင်လုပ်ဆောင်ခဲ့သည်။
"သံဇကာလို အကာထည့်တာ ကြိက်လား မကြိုက်ဘူးလား ။မကြိုက်ဘူးဆိုရင်စိတ်ဓါတ်တွေ ပြောင်းရလိမ့်မယ်၊ကျုံးထဲရေဆင်းမချိုးရဘူး၊သံဇကာထည့်မယ်ဆိုရင်တော့ လိုက်ဖက်ညီတာတစ်ခုခုထည့်ရမယ်။ ကျန်တဲ့ ဘက် တွေမှာထည့်တာမကောင်းဘူးမပြောဘူး။ထိုင်ခုံတွေ ခင်းမယ်။ပန်းခင်းတွေပါမယ်။နားစရာတွေ ပါမယ်။ လမ်းလျှောက်တဲ့သူကျန်းမာရေးအတွက်လုပ်တဲ့သူတွေ နားဖို့ပါမယ်။အတွဲတွေထိုင်ဖို့မဟုတ်ဘူး။လူတွေ စည်းကမ်းရှိဖို့လိုတယ်။”ဟု မန္တလေူတိုင်းဝန်ကြီးချုပ်ကပြောကြားသည်။
မန္တလေးမြို့သည် ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များတည်ရှိရာဖြစ်ပြီးကုန်းဘောင်မင်းနောက်ဆုံး မင်းဆက်များစိုးစံခဲ့သည့်နန်းတော်၊မြို့ရိုး၊ကျုံးတို့ဖြင့် န်းဘောင်မင်းနောက်ဆုံး မင်းဆက်များစိုးစံခဲ့သည့်
နန်းတော်၊မြို့ရိုး၊ကျုံးတို့ဖြင့် တင့်တယ်စွာတည်ရှိပြီးကမ္ဘာလှည့်ခရီးသွားများ စိတ်ဝင် တစားလာရောက်ကြသကဲ့သို့ တည်ဆောက်ခဲ့စဉ်ကကျုံးရေပြင်တွင် အကာအရံများ မပါရှိသည့်အတွက် မူလအတိုင်း
မြင်တွေ့နိုင်မည်ဖြစ်သည်ဟုဆိုသည်။
"အကာတပ်တာကိုပဲ သဘောကျပါတယ်။ လူကြီးတွေငယ်ငယ်ကအကာမတပ်ခဲ့ဘူးဆိုတာက အဲ့ဒီတုန်းက ကျုံးဘေးမှာ အသွားအလာမရှိသလောက်ရှားပါတယ်။ အခုကျတော့ ဒီကျုံးဘေးက အများလာပြီး အပန်းဖြေတဲ့နေရာ အများစု ဧည့်သည်တွေရော မြို့သူမြို့သားတွေရော အများဆုံးသွားတဲ့နေရာဖြစ်နေတော့ လူကြီးတွေအတွက်တင်မဟုတ်ဘူး ကလေးတွေအတွက်ပါ အကာအရံတပ်ခြင်းအားဖြင့် အန္တရာယ်ကို ကာကွယ်နိုင်ပါတယ်။ကျုံးဆိုတာက လူသေနိုင်တဲ့ အန္တရာယ်ရှိတဲ့နေရာပါ ဒါကို အကာအရံတပ်မထားဘူးဆိုရင် တာဝန်ရှိတဲ့သူတွေရဲ့ တာဝန်ပျက်ကွက်မှုဖြစ်သွားပါလိမ့်မယ်။"ဟု မန္တလေးမြို့မှ စာရေးဆရာ ဆူးငှက်ကပြောသည်။
အကြံပြုစာတောင်းခံသည့် ပြုပြင်ထိန်းသိမ်းရန်အတွက် အကာအရံပါရှိမှားသာ ဘေးကင်းနိုင်မည်ဟု သဘောထားပေးသူများပြားနေပြီး ပြီးခဲ့သည့်ရက်ပိုင်းက ကျုံးအတွင် ရေနစ်သေဆုံးသူ တစ်ဦးရှိခဲ့ရာ နသ်စဉ်နီးပါး ကျုံးရေနစ်သေဆုံးမှုအျားရှိသည်ဟု ဒေသခံများကဆိုသည်။
မြန်မာနိုင်ငံသကြားနှင့် ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်းဒုတိယဥက္ကဌ မန္တလေးမြို့နေထိုင်သူဦးဌေးဝင်းကလည်း"
စတီးကြိုး အကာအရံပါတာက ပိုပြီးအန္တရာယ်ကင်းတာပေါ့။သူတို့ ပြထားတာ စတီးကြိုးအကာအရံ ပါတာနဲ့ မပါတာ ၂ မျိုးပဲတွေ့တယ်။ပြောင်းလဲလာတဲ့ ခေတ်ကာလာရှိတယ်။ကလေးတွေ လမ်းလျှောက်လာတာ အမှုမဲ့ အမှတ်မဲ့ တခုခုဖြစ်မှာစိုးတယ်။အကာလေး ထည့်တာက ပိုကောင်းမှာပါ။လုံခြုံမှုရှိတာပေါ့။ရှေးမူဆိုတာက နဂိုက ဒီအတိုင်းဆိုပေမယ့် ခေတ်နဲ့အညီ ကျုံးပတ်ဝန်းကျင်မှာ မျက်စိပသာဒလှဖို့ တော့ လိုလာတာပေါ့။" ဟု အကြံပြုပြောကြားခဲ့သည်။
Isee Media







0 comments:
Post a Comment