Monday, December 3, 2018

ကွယ်လွန်သူ အမေရိကန်သမ္မတဟောင်း ဘုရှ်ကို ထရမ့်နှ့်င့်ဇနီး ဂါရဝပြု


ကွယ်လွန်သွားခဲ့တဲ့ အမေရိကန်သမ္မတဟောင်း ဂျော့ခ်ျအိတ်ခ်ျဒဗလျူဘုရှ်ကို သမ္မတ ဒေါ်နယ်ထရမ့်နဲ့ဇနီး၊ နိုင်ငံရေး အထင်ကရပုဂ္ဂိုလ်တွေနဲ့ အရပ်ဘက်ပြည်သူတွေ လာရောက် ဂါရဝပြုခဲ့ပါတယ်။ 
ဒီဇင်ဘာ ၃ ရက် ညပိုင်းက သမ္မတဟောင်း ဘုရှ်ရဲ့ ရုပ်အလောင်းထားရှိရာ ကွန်ဂရက်အဆောက်အအုံကို သမ္မတ ထရမ့်နဲ့ ဇနီးတို့ လာရောက် ဂါရဝပြုခဲ့တာပါ။ 

အလားတူ ဘုရှ်ရဲ့ အစိုးရအဖွဲ့ဝင်တွေ၊ ဥပဒေပြုအမတ်တွေ၊ ဒုသမ္မတနဲ့ တရားရုံးချုပ် တရားသူကြီးတွေလည်း လာရောက် ဂါရဝပြုခဲ့ကြပါတယ်။ 

ဒါ့အပြင် အရပ်ဘက်ပြည်သူတွေဟာလည်း ကွန်ဂရက်အဆောက်အအုံ အပြင်ဘက်မှာ တန်းစီစောင့်ဆိုင်းပြီး သမ္မတဟောင်းဘုရှ်ကို လာရောက် ဂါရဝပြုခဲ့ပါတယ်။ 

သမ္မတ ထရမ့်က နိုင်ငံတော်ဈာပန အခမ်းအနား ကျင်းပမယ့် ဝါရှင်တန် အမျိုးသားဘုရားကျောင်းကို ဒီဇင်ဘာ ၅ ရက်နေ့မှာ ပိတ်ဖို့ ဖက်ဒရယ်အစိုးရကို ညွှန်ကြားခဲ့ပါတယ်။ 

သမ္မတဟောင်း ဂျော့ခ်ျအိတ်ခ်ျဒဗလျူဘုရှ်ဟာ ပါကင်ဆန်ရောဂါနဲ့ နိုဝင်ဘာ ၃၀ ရက်နေ့က အမေရိကန်ပြည်ထောင်စု ဟူစတန်ရှိ နေအိမ်မှာ ကွယ်လွန်ပြီး ကွယ်လွန်ချိန်မှာ အသက် ၉၄ နှစ်ရှိပြီ ဖြစ်ပါတယ်။

DVB

0 comments:

Post a Comment