Monday, December 3, 2018

မိုင်းပန်၊ ဆီဆိုင်၊ ပင်လောင်း၊ ကျိုင်းတုံနှင့် တွန်းဇံမြို့နယ်တို့၌ ဘိန်းခင်းများ ဖျက်ဆီး



မိုင်းပန်၊ ဆီဆိုင်၊ ပင်လောင်း၊ ကျိုင်းတုံနှင့် တွန်းဇံမြို့နယ်တို့၌ ဘိန်းခင်းများ ဖျက်ဆီးခြင်းများ လုပ်ဆောင်ခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။ 
ဒီဇင်ဘာလ ၂ ရက်နေ့တွင် မိုင်းပန်မြို့နယ်၊ နားမွန်းကျေးရွာအုပ်စု၌ မိုင်းပန် မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့က အမြင့် ၃ ပေခန့်ရှိ ဘိန်းစိုက်ခင်း(၂.၁)ဧက ခန့်အား ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။ 

အလားတူ ဆီဆိုင်မြို့နယ်၊ တီနျားကျေးရွာ၌ ဘိန်းစိုက်ခင်း(၅)ဧကခန့်၊ ပင်လောင်းမြို့နယ်၊ ချုံပုတ်ကျေးရွာ၌ ဘိန်းစိုက်ခင်း(၄)ဧကခန့်၊ ကျိုင်းတုံမြို့နယ်၊ တုံဟွာအထက်ကျေးရွာ၌ ဘိန်းစိုက် ခင်း(၃)ဧကခန့်၊ တွန်းဇံမြို့နယ်၊ တပ်ဇန်ကျေးရွာ၌ ဘိန်းစိုက်ခင်း(၅)ဧကခန့်တို့အား ရဲတပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့က ဖျက်ဆီးခဲ့ကြောင်းလည်း သိရသည်။ 

The Ladies News

0 comments:

Post a Comment