Saturday, December 1, 2018

၂၀၁၈ ခုနှစ်ရှစ်လကျော်အတွင်း ပြည်ပသို့ ဆန်နှင့်ဆန်ကွဲ တန်ချိန် ၁ ဒသမ ၃ သန်းကျော် တင်ပို့ထားပြီး တန်ဖိုးဒေါ်လာသန်း ၄၆၀ ခန့်ရရှိထား

၂၀၁၈ ခုနှစ် ဧပြီမှ နိုဝင်ဘာလအလယ်ထိ ရှစ်လကျော်အတွင်း ပြည်ပသို့ဆန်နှင့် ဆန်ကွဲတန်ချိန် ၁ ဒသမ ၃ သန်း ကျော်တင်ပို့ထားပြီး တန်ဖိုးအမေရိကန် ဒေါ်လာသန်း ၄၆၀ ကျော်အထိ ရရှိထားကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ သိရသည်။ 
၂၀၁၈ ခုနှစ် ဧပြီ ၁ ရက်မှ နိုဝင်ဘာ ၁၆ ရက်အထိ ပြည်ပသို့ ဆန်နှင့်ဆန်ကွဲ တင်ပို့ရာတွင် နယ်စပ်ကုန်သွယ်ရေးစခန်းမှ တင်ပို့မှုသည် တန်ချိန် ၇၁၂,၈၃၁ ဒသမ ၁၅၀ တန်ကျော် တင်ပို့မှုမှ အမေရိကန် ဒေါ်လာ ၂၅၀ ကျော် ရရှိထားသည်။ 

ထို့အတူ ပင်လယ်ရေကြောင်းမှ ဆန်နှင့်ဆန်ကွဲတင်ပို့မှုသည် တန်ချိန် ၆၁၄,၇၉၈ တန်ကျော်ရှိပြီး တန်ဖိုးအမေရိကန်ဒေါ်လာ သန်း ၂၀၀ ကျော်ရရှိထားသည်။ 

၂၀၁၈ ခုနှစ် ဧပြီ ၁ ရက်မှ နိုဝင်ဘာ ၁၆ ရက်အထိ ပြည်ပသို့ ဆန်နှင့်ဆန်ကွဲ စုစုပေါင်းတင်ပို့မှုသည်တန်ချိန် ၁ ဒသမ ၃၂ သန်းကျော်တင်ပို့ထားပြီး တန်ဖိုးအမေရိကန် ဒေါ်လာ ၄၅၇ ဒသမ ၃၆၁ သန်းအထိ ရရှိထားခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်၏ ထုတ်ပြန်ထားသော စာရင်းများ အရ သိရသည်။ 

ပြီးခဲ့သည် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း ဈေးကွက်သစ်များ တိုးချဲ့တင်ပို့နိုင် ခြင်းကြောင့် ပြည်ပသို့ မြန်မာ့ဆန်တန်ချိန် ၃ ဒသမ ၆ သန်းနီးပါးတင်ပို့နိုင်ခဲ့ပြီး နှစ် ပေါင်း ၅၀ ကျော်အတွင်း စံချိန်တင်တင်ပို့နိုင်ခဲ့ခြင်း ဖြစ်သည်။ 

မြန်မာနိုင်ငံမှ ပြည်ပသို့ ဆန်တင်ပို့မှုတွင် ယခင်နှစ်များက နယ်စပ်ကုန်သွယ်မှုမှ ဆန်တင်ပို့မှုမှာ စုစုပေါင်းတင်ပို့မှု၏ ရာခိုင်နှုန်း ၇၀ ကျော်အထိများပြားခဲ့ပြီး ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှာ ရာခိုင်နှုန်း ၃၀ ခန့်သာ တင်ပို့နိုင်ခဲ့သည်။ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း ပြည်ပဈေးကွက်သစ်များ တိုးချဲ့ရရှိမှုတို့ကြောင့် ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ ဆန်တင်ပို့မှုမှာ ယခင်နှစ်များထက် မြင့်တက်လာပြီး စုစုပေါင်းဆန်တင်ပို့မှု၏ ၄၈ ရာ ခိုင်နှုန်းအထိ ရှိလာခဲ့သည်။ 

မြန်မာနိုင်ငံအနေဖြင့် ပြည်ပသို့ ဆန်တင်ပို့ရာတွင် ပင်လယ်ရေးကြောင်းမှ သင်္ဘောဖြင့် EU အဖွဲ့ဝင်နိုင်ငံများ အာဖရိက နိုင်ငံများသို့ တင်ပို့နေခြင်းဖြစ်ပြီး မူဆယ် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးစခန်းမှတစ်ဆင့် တရုတ်နိုင်ငံသို့လည်း တင်ပို့နေခြင်း ဖြစ်သည်။ 

Eleven Media Group

0 comments:

Post a Comment