Saturday, December 1, 2018

အိမ်ရာချေးငွေများကို အွန်လိုင်းမှတစ်ဆင့် လျှောက်ထားနိုင်ပြီဖြစ်ကြောင်းနှင့် iMyanmarHouse.com မှ စတင်ထုတ်လွှင့်ပြီး ရက်ပိုင်းအတွင်း လျှောက်လွှာတင်သူ ရာဂဏန်းကျော်ရှိကြောင်း သိရ

အိမ်ရာချေးငွေများကို အွန်လိုင်းမှတစ်ဆင့် လျှောက်ထားနိုင်ပြီဖြစ်ကြောင်းနှင့် အွန်လိုင်းတွင် iMyanmarHouse.com စတင် ထုတ်လွှင့်ပြီး ရက်ပိုင်းအတွင်း လျှောက်လွှာတင်သူ ရာဂဏန်းကျော်ရှိကြောင်း သိရသည်။ 
iMyanmarHouse.com မှ အိမ်ရာ ချေးငွေများကို အွန်လိုင်းတွင် လျှောက်ထားနိုင်ရန် ပထမဆုံးထုတ်လွှင့်လိုက်ကြောင်း သိရသည်။ 

အဆိုပါကဏ္ဍအသစ်တွင် အိမ်ရာပိုင်ဆိုင်လိုသူများအတွက် ဆောက်လုပ်ပြီးစီးထားသည့် မည့်သည့်အိမ်ရာအမျိုးအစားမဆို အွန်လိုင်းတွင် အလွယ်တကူ လျှောက်လွှာတင်နိုင်မည်ဖြစ်ကြောင်း သိရသည်။ 

အမည်၊ ဖုန်းနံပါတ်၊ အလုပ်အကိုင်၊ လစဉ်ဝင်ငွေ၊ ဝယ်ယူလိုသည့် အိမ်တန်ဖိုး စသည့် အခြေခံအချက်အလက်များသာ ဖြည့်စွက်ရန် လိုအပ်သဖြင့် အွန်လိုင်းတွင် စတင်ထုတ်လွှင့်ပြီး ရက်အနည်းငယ်အတွင်း လျှောက်လွှာတင်သူ ရာဂဏန်းကျော်ရရှိခဲ့ကြောင်း သိရသည်။ 

“ကျွန်တော်တို့ iMyanmarHouse.com ဟာ ဈေးကွက်လိုအပ်ချက်အရ ပြီးခဲ့တဲ့နှစ် ၂၀၁၇ ဇွန်လမှာ Home Loan Calculator ကို အွန်လိုင်းမှာ စတင်လွှင့်တင်ခဲ့ပါတယ်။ အဲ့ဒီ အချိန်တုန်းကလည်းဒီ Home Loan Calculator ကို အသုံးပြုပြီး ချေးယူလိုသောပမာဏနှင့် နှစ်ကာလတို့ကို ရိုက်ထည့်ပြီး လစဉ်ဘဏ်သို့ ပြန်ဆပ်ရမည့်ပမာဏ၊ စုစုပေါင်းအတိုးပမာဏတို့ကို တွက်ချက်နိုင်တာကြောင့် သုံးစွဲသူတွေ အတွက်အကျိုးများခဲ့ပါတယ်။ ယခုအခါမှာတော့ အိမ်ရာဝယ်ယူလိုသူများအတွက် မိမိစိတ်ကြိုက် အိမ်ရာကို ရှာဖွေပြီး ကျွန်တော်တို့ရဲ့ iMyanmarHouse.com မှာ လျှောက်လွှာတင်လိုက်တာနဲ့ အဲဒီအိမ်ကိုဘဏ်ချေးငွေဖြင့် ဝယ်လို့ရမရဆိုတာ အလွယ်တကူသိရှိနိုင်မှာ ဖြစ်ပါတယ် ” ဟု iMyanmarHouse.com ၏ မန်နေးဂျင်း ဒါရိုက်တာဖြစ်သူ ဦးနေမင်းသူမှ ပြောကြားခဲ့သည်။ 

လက်ရှိအချိန်တွင် ကမ္ဘောဇဘဏ်၊ဧရာဝ တီဘဏ်၊ရိုးမဘဏ်၊ CB ဘဏ်များနှင့် ချိတ်ဆက်ထားပြီး စုဆောင်းငွေမည်မျှရှိရုံဖြင့် အိမ်ရာချေးငွေဖြင့် ဝယ်ယူနိုင်မည့် အချက်အလက်များကို အိမ်ရာပိုင်ဆိုင်လိုသူများမှ သိရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။ 

လျှောက်ထားလိုသူများအနေဖြင့် ဝန်ထမ်းဖြစ်စေ၊ ကိုယ်ပိုင်လုပ်ငန်းလုပ်ကိုင်သူဖြစ်စေ iMyanmarHouse.com ဝဘ်ဆိုက်မှ တစ်ဆင့် သို့မဟုတ် iMyanmarHouse.com မိုဘိုင်းဖုန်းအပ်ပလီကေးရှင်းမှတစ်ဆင့် လျှောက်ထားနိုင်မည်ဖြစ်ကြောင်း သိရသည်။ 

“iMyanmarHouse.com ရဲ့ မြန်မာနိုင်ငံသားတိုင်း အိမ်ပိုင်ဆိုင်နိုင်စေရမည်ဆိုတဲ့ ရည်ရွယ်ချက်နဲ့အညီ မြန်မာနိုင်ငံသားတိုင်း အိမ်ပိုင်ဆိုင်နိုင်စေရမည်ဆိုတဲ့ ရည်ရွယ်ချက်နဲ့အညီ မြန်မာနိုင်ငံသားတိုင်း မိမိလိုချင်တဲ့ အိမ်ကို ပိုင်ဆိုင်နိုင်စေဖို့အတွက် ဘဏ်ကြီးတွေနဲ့ ချိတ်ဆက်ပြီး အလွယ်တကူ လျှောက်ထားနိုင်ဖို့ တီထွင်ဖန်တီးလိုက်တာပါ။ နောက်ထပ်လည်း အိမ်ခြံမြေလောကအတွက် အကျိုးရှိစေမယ့် ကဏ္ဍတွေကို ဆက်လက်ဖန်တီး ထုတ်လုပ်ပေးသွားမှာပါ” ဟု ဦးနေမင်းသူက ပြောကြားသည်။ 

Eleven Media Group


0 comments:

Post a Comment