ကောလင်းမြို့နယ်၊ ကျွန်းတောကျေးရွာ အနီးရှိ သစ်စေးတောင်ပေါ် ၌ ကောလင်းမြို့မရဲစခန်းမှ တာဝန်ရှိသူများပါဝင်သည့် ပူးပေါင်း အဖွဲ့မှ တရားမဝင် သတ္တုတူးဖော်မှုမရှိစေရေး လှည့်ကင်း ဆောင်ရွက်စဉ် ဗြုန်းမြေစာအိတ် ၁၄၀ ကို ပိုင်ရှင်မဲ့ သိမ်းဆည်းရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။
သစ်စေးတောင်ပေါ်မှ ရွှေပါဝင် သည်ဟု ယူဆရသည့် ဗြုန်းမြေစာအိတ် ၁၄၀ အိတ်အား ပိုင်ရှင်မဲ့သိမ်းဆည်းရမိခဲ့သဖြင့် အဆိုပါ ဗြုန်းမြေစာအိတ်များအား ကောလင်းမြို့ အမှတ် (၂) သတ္တုတွင်းဦးစီးဌာနမှ လက်ထောက်မန်နေဂျာ ဦးစောလွင်ထံ အပ်နှံထားရှိကြောင်းနှင့် မြို့နယ်စီ/ခန့် ကော်မတီမှ စစ်ကိုင်း တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးသို့ တင်ပြထားရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။
The Ladies News
0 comments:
Post a Comment