Thursday, March 28, 2019

AA ၏ လုပ်ရပ်သည် အချုပ်အခြာအာဏာကို ထိခိုက်စေသည့် အတွက် ထိထိရောက်ရောက် နှိမ်နင်းသွားမည်ဟု ဒုတိယ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ပြောကြား


ရခိုင်လက်နက်ကိုင်အဖွဲ့ ( AA) ၏ လုပ်ရပ်သည် နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ထိခိုက်စေသည့်အတွက် ထိထိရောက် ရောက် နှိမ်နင်းသွားမည်ဟု ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောကြားသည်။ 
မတ်လ ၂၇ ရက်နေ့က နေပြည်တော်၌ ပြုလုပ်ကျင်းပခဲ့သည် (၇၄) နှစ်မြောက် တမ်မတော်နေ့ အခမ်းအနား၌ မိန့်ခွန်းပြောကြားရာတွင် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ထည့်သွင်းပြောကြား ခဲ့ခြင်းလည်း ဖြစ်သည်။ 
"နယ်မြေတည်ငြိမ်ရေးနဲ့ လုံခြုံရေးဆောင်ရွက်ပြီး ARSA အကြမ်း ဖက်အဖွဲ့ အန္တရာယ်က ကာကွယ်ပေးနေတဲ့ နယ်ခြားစောင့် ရဲကင်းစခန်းလေးခုကို AA သောင်းကျန်းသူများဟာ ယခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့မှာ အင်အား အလုံးအရင်းနဲ့ ဝင်ရောက်တိုက်ခိုက် ခဲ့ကြတယ်။ ပြည်သူလူထုရဲ့ အသက်အိုးအိမ် စည်းစိမ်နဲ့ တရားဥပဒေစိုးမိုးရေးကို ဆောင်ရွက်ပေးနေတဲ့ ရဲကင်းစခန်းများကို ဝင်ရောက် အကြမ်းဖက် တိုက်ခိုက်ခြင်းဟာ အုပ်ချုပ်ရေးယန္တရားကို နှောင့်ယှက်တာဖြစ်ပြီး နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာကို ထိခိုက်စေတာဖြစ်တဲ့အတွက် တပ်မတော်အနေနဲ့ ထိထိရောက်ရောက် နှိမ်နင်းသွားဖြစ်တယ်" ဟု ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောကြားသည်။ 
ပြင်ပ ပယောဂကြောင့် တည်ငြိမ်မှုပျက်ပြားခဲ့ရသည့် ရခိုင်ပြည်နယ် မြောက်ပိုင်း တည်ငြိမ်အေးချမ်းရေး အတွက် ဆောင်ရွက်နေချိန်တွင် AA သောင်းကျန်းသူများ၏ အကြမ်းဖက် လုပ်ဆောင်မှုသည် ဒေသတွင်း ပြည်သူများနှင့် ဒေသအကျိုးစီးပွားကိုသာ ထိခိုက်စေမှာဖြစ်ကြောင်း နိုင်ငံတော် တည်ငြိမ်အေးချမ်းရေး တရားဥပဒေ စိုးမိုးရေးအတွက် တပ်မတော်အနေဖြင့် မည်သည့် လက်နက်ကိုင် သောင်းကျန်းသူမဆို ရှင်လင်းရမှာဖြစ်သည် ဟုလည်း ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ထည့်သွင်း ပြောကြားခဲ့သည်။ 
ဒီဇင်ဘာ လဆန်းပိုင်းမှစတင်ကာ ဖြစ်ပွားနေသော တပ်မတော်နှင့် ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) တို့၏ တိုက်ပွဲများကြောင့် ဒေသခံ အရပ်သားများ ထိခိုက်ဒဏ်ရာရ သေဆုံးမှုများရှိနေပြီး ယခုဆိုလျှင် စစ်ဘေးရှောင်ဦးရေမှာ နှစ်သောင်း ဝန်းကျင်ခန့်ရှိနေပြီဖြစ်ကြောင်း သိရသည်။ 

အောင်ရဲနောင် 
The Ladies News

0 comments:

Post a Comment