Thursday, March 28, 2019

ဝန်ထမ်းများအနေဖြင့် အဂတိလိုက်စားမှုကင်းစင်ရေး သတိပြုဆောင်ရွက်ရန်လိုအပ်ကြောင်း ပြည်ထောင်စုစာရင်းစစ်ချုပ် မှာကြား


စစ်ဆေးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြည်သူလူထုနှင့် စစ်ဆေးရသည့်အဖွဲ့အစည်းများ၏ ယုံကြည်စိတ်ချမှုရရှိရန်လိုပြီး၊ ယုံကြည်မှုရရှိရန်အတွက် ၀န်ထမ်းများအနေဖြင့် လုပ်ငန်းများကို ကျွမ်းကျင်စွာ ဆောင်ရွက် ရမည့်အပြင် အဂတိလိုက်စားမှု ကင်းစင်ရေး သတိပြုဆောင်ရွက်ရန်လိုအပ်ကြောင်း ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်းက ပြောသည်။ 
ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် သန်လျင်၊ ကျောက်တန်းနှင့် သုံးခွမြို့နယ် စာရင်းစစ်ရုံးများမှ ဝန်ထမ်းများ နှင့် တွေ့ဆုံစဉ် ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်းက ထိုသို့ပြောဆို ခဲ့ခြင်းဖြစ်သည်။ 

ထို့အတူ ယခုအခါတွင် Financial Audit နှင့် Compliance Audit သာမက Performance Audit ကိုဆောင်ရွက်လာရပြီး နောက်ပိုင်းတွင် Environmental Audit နှင့် IT Audit တို့ကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးမှ ထုတ်ပြန်ထားသည့် လက်စွဲများ၊ ညွှန်ကြားချက်များနှင့် သင်တန်းဖွင့်လှစ်ပို့ချပေးမှုများကို စဉ်ဆက် မပြတ် လေ့လာသင်ယူမှတ်သားလိုက်နာ၍ လုံ့လဝီရိယ စိုက်ထုတ် ကာ ပြည်သူ့ အကျိုးစီးပွားကို အလေးထား ကြိုးစားဆောင်ရွက်ပြီး စာရင်းစစ်များ လိုက်နာရမည့် Confidentiality ကို အထူးဂရုပြုရန် လိုအပ်ကြောင်း လည်း ပြည်ထောင်စုစာရင်းစစ်ချုပ်က ပြောကြားခဲ့သည်။
  
The Ladies News

0 comments:

Post a Comment