Tuesday, March 5, 2019

မြောင်းမြတွင် ၁၀ တန်းစာမေးပွဲအခန်းစောင့်မည့် ဆရာမတစ်ဦး ကျောင်းသို့  မရောက်လာသဖြင့် လိုက်ခေါ်စဉ် နေအိမ်တွင် သေဆုံးနေသည်ကို တွေ့ ရှိ


ယနေ့ ( မတ် ၆ )နံနက်တွင် မြောင်းမြမြို့ တွင် ၁၀တန်း စာမေးပွဲအခန်းစောင့်မည့် ဆရာမတစ်ဦးမှာ ကျောင်းသို့ မရောက်လာသဖြင့် လိုက်လံခေါ်ယူခဲ့စဉ် နေအိမ်၌ သေဆုံး နေသည်ကိုတွေ့ ရှိခဲ့ရသလို သေမှု့ သေခင်း ၆/၂၀၁၉ ဖြင့် အမှုဖွင့်လှစ်စစ်ဆေးနေကြောင်းမြောင်းမြရဲစခန်းမှတာဝန်ကျရဲအရာရှိတစ်ဦးက The Ladies News သို့  အတည် ပြုပြောကြားသည်။ 
ယနေ့ နံနက်​၇း ၅၀နာရီက ဧရာဝတီတိုင်းဒေသကြီးမြောင်း မြမြို့.မဟာစည်​လမ်းမကြီးအိမ်​အမှတ်​(# # #)​တွင် နေ ထိုင်သည့် ဆရာမ​ဒေါ်​- - - (BSC.BED)အမှတ်(၅)အထက်​ တန်းပြဆရာမသည် ၁၀ တန်းစာ​မေးပွဲ​အခန်းစောင့်​ရန်​ မရောက်လာသဖြင့်​ ကျောင်းလုပ်​သားဖြစ်သူ ​မောင်​- - - က သူမ၏ နေအိမ်​သို့သွားရောက်​​ခေါ်ယူရာခဲ့ရာတွင် ပြန် မထူးသဖြင့် ​ရပ်ကွက်နေပြည်သူများက ခြံတံခါးအတွင်း ဝင်ကြည့်​ရာ ​နောက်​​ဖေးတံခါး​ပွင့်လျှက် တံခါး​​အနီးတွင် ပက်​လက်​အ​နေအထားဖြင့်​​သေဆုံး​နေ​သည့် ဆရာမ​ဒေါ်​- - - ကိုတွေ့ရှိရသဖြင့်​ ရပ်​ကွက်​အုပ်​မှူးမှတစ်ဆင့် မြောင်းမြရဲ စခန်းသို့ အ​ကြောင်းကြားခဲ့သည်ဟု ဆိုသည်။ 

သက်သေများနှင့်အတူ ရဲတပ်ဖွဲ့ ဝင်များက ဝင်​​ရောက်​စစ်​​ဆေးကြရာတွင် ပြင်ပ​ဒါဏ်​ရာတစ်​စုံတရာမ​တွေ့ရှိခဲ့သလို ပစ္စည်းများ​ပျောက်​ရှခြင်းမရှိဘဲ သေဆုံးနေ​သည်ကို တွေ့ ရှိခဲ့ရသည်ဟု ဆိုသည်။ 

ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်​မဟုတ်​​ ရုပ်အလောင်း ကို မြောင်းမြ​ဆေးရုံသို့  ပို့ ဆောင်စစ်ဆေးထားပြီး မြောင်း မြရဲစခန်းမှ သေမှု့ သေခင်း၆/၂၀၁၉ ဖြင့်အမှုဖွင့်လှစ် စစ် ဆေးနေခြင်းဖြစ်သည်။ 



Photoး ရဝေမောင် ( မြောင်းမြ ) 
The Ladies News

0 comments:

Post a Comment