Tuesday, March 5, 2019

မန်းရွှေစက်တော်ဘုရားပွဲတော်ဝန်းအတွင်း တရားမ၀င် အရက်/ ဘီယာများ ရောင်းချသူများအား ဖမ်းဆီး


မန်းရွှေစက်တော်ဘုရားပွဲတော်ဝန်းအတွင်း တရားမ၀င် အရက်/ ဘီယာများ ရောင်းချသူများအား ဖမ်းဆီးအရေးယူ ခဲ့ကြောင်း မကွေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံက သိရသည်။ 
၂၀၁၉ ခုနှစ်၊ မတ်လ ၄ ရက်နေ့ နေ့လည် ၁၁ နာရီခွဲခန့်တွင် ရဲအုပ် လှဝင်းနှင့်အဖွဲ့သည် မန်းရွှေစက်တော်ဘုရားပွဲဝန်းအတွင်း လုံခြုံရေး တာဝန်ဆောင်ရွက်နေစဉ် တရားမ၀င် အရက်/ဘီယာ များရောင်းချ နေကြောင်း သတင်းအရ သက်သေများနှင့်အတူ မင်းဘူးမြို့၊ အမှတ်(၃) ရပ်ကွက်နေ ဒေါ်သီတာမိုး၊ ၄၆ နှစ်၏ "ခွာညိုစိမ့်" ကုန်စုံဆိုင်အား ၀င်ရောက်ရှာဖွေရာ ဈေးဆိုင်ခန်း၏အနောက်ဘက် တွင် GAOBA စာတမ်းပါ လက်ဆွဲအိတ်ဖြင့်ထည့်ထားသော Dagon Beer သံဗူးအစိမ်း(၁၈)ဗူး၊ Grand Royal Smooth 350ml ပုလင်း ပြား(၂၇)ပြား၊ စုစုပေါင်းတန်ဖိုး(၅၈၅၀၀ိ/-)အား တွေ့ရှိ သိမ်းဆည်းရ မိခဲ့၍ ဒေါ်သီတာမိုးအား မင်းဘူးမြို့နယ်၊ စကုနယ်မြေ ရဲစခန်း (ပ)၂၇/၂၀၁၉၊ ယစ်မျိုး အက်ဥပဒေပုဒ်မ ၃၀(က)အရ အရေးယူ ဆောင်ရွက်ခဲ့ပါသည်။ 

ဆက်လက်၍ မင်းဘူးမြို့၊ ကဒီးကျေးရွာနေ ဒေါ်ညိုပြာ၊ ၄၀ နှစ်၊ ပိုင်ဆိုင်သော "ဟိန်းရတနာ" စားသောက်ဆိုင်အား ၀င်ရောက် ရှာဖွေရာ စားသောက်ဆိုင်၏ အနောက်ဘက်ရှိ ချောက်ထဲတွင် သိုဝှက်ထားသော Myanmar Beer သံဗူး(၂၄)ဗူး၊ Dagon Beer သံဗူးရှည်(၃)ဗူး၊ Myanmar Rum အရက်ပုလင်းကြီး(၈)လုံး၊ Myanmar Rum အရက်ပုလင်းသေး(၁၉)လုံး၊ Grand Royal Smooth ပုလင်းသေး(၁၅)ပြား၊ Grand Royal Smooth ပုလင်းကြီး(၆)လုံး၊ စုစုပေါင်းတန်ဖိုး(၁၀၅၃၀၀ိ/-)အား တွေ့ရှိ သိမ်းဆည်း ရမိခဲ့၍ ဒေါ်ညိုပြာအား မင်းဘူးမြို့နယ်၊ စကုနယ်မြေ ရဲစခန်း(ပ)၂၈/၂၀၁၉၊ ယစ်မျိုး အက်ဥပဒေပုဒ်မ ၃၀(က)အရ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 

Credit - မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့ 
The Ladies News

0 comments:

Post a Comment