Wednesday, April 3, 2019

မှန်မှန်ကန်ကန်လုပ်ကိုင်ချင်သော ပြည်သူများ ရဲတပ်ဖွဲ့သို့ဝင်ရောက်ရန် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်တိုက်တွန်း


မှန်မှန်ကန်ကန် လုပ်ကိုင်ချင်သော ပြည်သူများအ နေဖြင့် ရဲတပ်ဖွဲ့သို့ ဝင်ရောက် ရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တိုက် တွန်းလိုက်သည်။ 
ဧပြီ ၂ ရက်က အိမ်မဲမြို့တွင် ပြုလုပ်သည့် လူထုတွေ့ဆုံပွဲ၌ ゞင်း က အထက်ပါအတိုင်းပြောကြားခဲ့ ခြင်းဖြစ်သည်။ 
""ကျွန်မတို့နိုင်ငံမှာ တရား ဥပဒေစိုးမိုးရေးရှိဖို့ဆိုရင် အရေးကြီး တဲ့ကိစ္စရပ်တစ်ခုကတော့အဆင့်မီ ပြီးတော့ အရည်အချင်းရော အင် အားရော ပြည့်ဝတဲ့ ရဲတပ်ဖွဲ့တစ် ခုရှိဖို့ပါပဲ။ နှစ်ပေါင်းများစွာ ကျွန်မ တို့ရဲတပ်ဖွဲ့က ရှိသင့်တဲ့အဆင့်ကို မရှိခဲ့ပါဘူး။ ဒါတွေကို ရှိအောင် လည်း ကျွန်မတို့ကြိုးစားနေပါတယ်။ 
ဒါကြောင့်မို့လို့ မှန်မှန်ကန်ကန်လုပ်ချင်တဲ့ ပြည် သူတွေလည်း ရဲထဲကို ဝင်ဖို့ကျွန်မဆော်ဩချင်ပါ တယ်""ဟု ဒေါ်အောင် ဆန်းစုကြည်ကပြောသည်။ 
လက်ရှိဆောင်ရွက်နေသော ရဲတပ်ဖွဲ့၏ လုပ်ဆောင်ချက်ကို မကြိုက်သူများအနေဖြင့် ရဲတပ်ဖွဲ့သို့ဝင်ရောက်ပြီး ပိုမိုသန့်ရှင်းခိုင်မာလာ ရန်နှင့် ပိုမိုအင်အားကောင်းကာ ထိရောက်လာ စေရန် ဝိုင်းဝန်းပံ့ပိုးပေးစေချင်ကြောင်း အတိုင် ပင်ခံကပြောသည်။ 
""အားလုံးက ကိုယ်တတ်နိုင်တဲ့ဘက်ကနေ လုပ်ပေးစေချင်ပါတယ်။ ကျွန်မတို့ ရဲတွေရဲ့ဖြောင့် မတ်မှုအခြေအနေကို ပြည်သူလူထုက မကျေ နပ်တာကျွန်မတို့သိပါတယ်။ ဒါပေမဲ့ ရဲတွေရဲ့ သူတို့ရဲ့ လခရရှိ မှုသူတို့ရဲ့ခံစားနိုင်ခွင့်အခြေ အနေကလည်း ကောင်းတာမဟုတ်ပါဘူး။ ကျွန်မတို့က ဟိုဘက်ဒီဘက် ကြည့်ရပါ့မယ်။ ကျွန်မတို့ကရဲတွေက မကောင်းဘူးချည်းပဲ ပြောတာမဟုတ်ပါဘူး။ မကောင်းဘူးဆိုရင် ဘာလို့မကောင်းဘူးလဲဆိုတာ ကျွန်မတို့က အဖြေရှာရပါတယ်""ဟု ဒေါ်အောင်ဆန်းစု ကြည်ကဆိုသည်။ 
အဖြေရှာပြီးနောက် အခြေခံပြဿနာ များကို ဖြေရှင်းရမည်ဖြစ်ကာ ရဲတပ်ဖွဲ့ဖြစ်သဖြင့် လူကောင်းမဟုတ်ဟူ၍ မသတ်မှတ်သင့် ကြောင်း ゞင်းကပြောသည်။ 
""ကျွန်မတို့က ရဲတွေလူကောင်းဖြစ်အောင် လို့ အတတ်နိုင်ဆုံးကြိုးစားပေးပါ့မယ်၊ ပြည်သူ လူထုကလည်း ဝိုင်းဝန်းကူညီပါလို့ ကျွန်မ မေတ္တာရပ်ပါတယ်}}ဟု အတိုင်ပင်ခံကပြော သည်။ 
ယင်းတွေ့ဆုံပွဲတွင် ပြည်သူတစ်ဦးက ရဲစ ခန်းများတွင် အမှုဖွင့်ရမလွယ်ကူခြင်းနှင့်ပတ် သက်၍ တင်ပြချက်အပေါ်ရဲဗိုလ်ချုပ်တစ် ဦးအား မည်သို့ဆောင်ရွက်ရမည်ကိုလည်း ပြန်လည်ရှင်းလင်းပြောကြားစေခဲ့သည်။ 
အဆိုပါရဲဗိုလ်ချုပ်က ရဲအရေးပိုင်အမှု ဖြစ်စေ၊ မပိုင်သည့်အမှုဖြစ်စေ ရဲတပ်ဖွဲ့သို့ လာရောက်တိုင်တန်း အကူအညီတောင်းနိုင်ကာ ပြည်သူ များအနေဖြင့် အမှုကိစ္စများအတွက် မည်သည့်အချိန်တွင်မဆို ရဲတပ်ဖွဲ့သို့လာ ရောက်ကြရန် ဖိတ်ခေါ်ကြောင်း၊ ပြည်သူများ၏ အမှုကိစ္စများကို ဆောင်ရွက်ပေးခြင်းမရှိသူ များကိုလည်း ပြတ်ပြတ်သားသား အရေးယူ ဆောင်ရွက်နေကြောင်း၊ ရဲတပ်ဖွဲ့ဝင်များ၏ မမှန်မကန် လုပ်ဆောင်မှုများနှင့် ကျေနပ်မှုမရှိ ခြင်းများကိုလည်း တိုင်းအဆင့်မှ ဗဟိုအဆင့် ဆင့်အထိ ပြည်သူများ တင်ပြတိုင်ကြားနိုင် ကြောင်းပြောကြားခဲ့သည်။ 
ယင်းအပြင် လက်နက်ပြပြီး ပြည်သူကို မပြောသင့်သောစကားများ ပြောဆိုသည့်ရဲများ ကို ထိထိရောက်ရောက်အရေးယူပေးရန် ပန်း တနော်လူထုတွေ့ဆုံပွဲတွင် ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေကို အတိုင်ပင် ခံကမှာကြားခဲ့သည်။ 

NT 
#Democracytoday


0 comments:

Post a Comment