Sunday, April 28, 2019

AA က ခူမီးချင်းလူမျိုး ၅၂ ဦးကို ခေါ်ဆောင်သွားမှု အမြန်ဆုံးပြန်လွှတ်ပေးရန်တောင်းဆို


ရခိုင်တပ်မတော် AA က ၂၀၁၉ ခုနှစ် ဖေဖေါ်ဝါရီလ (၂) ရက်နေ့တွင် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ကင်းတလင်း (Kangtlang) ကျေးရွာ မှ ခူမီးချင်းတိုင်းရင်းသား (၅၄) ဦး အေအေလက်နက်ကိုင်အဖွဲ့က ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ ၎င်းတို့စခန်းချရာနေရာ သို့ ကာယကံရှင်တို့၏ဆန္ဒသဘောထားမပါဘဲ ခေါ်ဆောင်သွားခဲ့ပြီး ၂ ဦးမှာ ပြန်လည်လွတ်မြောက်ခဲ့ကာ ၅၂ ဦးကို ပြန်မလွှတ်သေး၍ အမြန်ဆုံးပြန်လွှတ်ပေးရန် ခူမီးချင်းမျိုးနွယ်စုများရေးရာ ပေါင်းစပ်ညှိနှိုင်းရေးကောင်စီက ဧပြီလ (၂၈)ရက်နေ့တွင် ကြေညာချက်ထုတ်ပြန်တောင်းဆိုလိုက်သည်။

Khit Thit Media 

0 comments:

Post a Comment