Monday, April 29, 2019

အင်တာနက် 5G ကွန်ယက် တပ်ဆင်မည့် ကိစ္စ ရန်ကုန်တိုင်းအစိုးရထံတင်ပြ


ပိုမိုမြန်ဆန်သည့် အင်တာနက် 5G ကွန်ယက် တပ်ဆင်မည့် ကိစ္စရပ်နှင့်စပ်လျဉ်းပြီး Huawei Technologic Yangon Co., Ltd မှ တာဝန်ရှိသူများ က ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့တာဝန်ရှိသူများနှင့် ဧပြီ ၂၉ ရက်က တွေ့ဆုံကာရှင်းလင်း တင်ပြခဲ့ကြကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က သတင်းထုတ်ပြန်သည်။ 
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ဝန်ကြီး ချုပ်ဦးဖြိုးမင်းသိန်းသည် Huawei Technologic Yangon Co., Ltd မှ တာဝန်ရှိသူများအား တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ ခန်းမ(၄)၌ လက်ခံတွေ့ဆုံ ခဲ့ခြင်းဖြစ်ပြီး လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဒေါ်နီလာကျော်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။ 

The Ladies News

0 comments:

Post a Comment