Monday, April 29, 2019

ထိုင်းသို့ အလုံးအရင်းပြန်ဝင်နေသည့် သင်္ကြန်ပြန်မြန်မာလုပ်သားများအတွက် ဂိတ်ပေါက်များ ထပ်မံဖွင့်လှစ်ထား


သင်္ကြန်ပွဲတော်နေရပ် ပြန်မြန်မာလုပ်သားများ ထိုင်းနိုင် ငံသို့ ပြန်လည်ဝင်ရောက်ရမည့် ရက်နှစ်ရက်သာလိုတော့၍ အ လုံးအရင်းဖြင့် ပြန်လည်ဝင် ရောက်နေသူများ အဆင်ပြေစေ ရန် ထိုင်းအာဏာပိုင်များက ဂိတ် ပေါက် ၂၀ ကျော်အထိ တိုးချဲ့ ဆောင်ရွက်နေသည်။ 
ယမန်နေ့တွင် ထိုင်းနိုင်ငံ အတွင်းသို့ ၀င်ရောက်ရန် မဲ ဆောက်ဂိတ်ပေါက်၌ ပတ်စ်ပို့နှင့် စာရွက်စာတမ်းများ တုံးထုရန် တန်းစီစောင့်ဆိုင်းနေသည့် မြန် မာလုပ်သားများသောင်းနှင့်ချီရှိ နေကြောင်း ထိုင်းရောက်မြန်မာ လုပ်သားများအရေး ကူညီနေ သော မြန်မာအဖွဲ့အစည်းများက ပြောသည်။ 

ထိုသို့ တန်းစီစောင့်ဆိုင်းနေ သူများအဆင်ပြေစေရေး ထိုင်း အာဏာပိုင်များက ယခင်ကတုံး ထုရန် ဂိတ်ပေါက်နှစ်ပေါက်သာ ထားရှိရာ ယမန်နေ့တွင် ဂိတ် ပေါက် ၂၅ ပေါက်အထိ တိုးချဲ့ ဖွင့်လှစ်ကြောင်း ထိုင်းနိုင်ငံဆိုင်ရာမြန်မာသံရုံး အလုပ်သမား သံအရာရှိ ဦးစန်းမောင်ဦးက ပြောသည်။ 

‘‘အရင်ကတည်းက ကျွန် တော်တို့က တောင်းဆိုထားတာ ပေါ့။ ဂိတ်ပေါက်ရော၊ လူအင် အားရော တိုးပြီးလုပ်ဆောင်ပေးဖို့ ပေါ့။ ဒါမှသတ်မှတ်ရက်အတွင်း အားလုံးပြန်ဝင်လာနိုင်မှာ။ အခု အဲဒီလို ဆောင်ရွက်ပေးနေတာ’’ ဟု ဦးစန်းမောင်ဦးက ပြောသည်။ 

ယမန်နေ့အထိ ထိုင်းနိုင်ငံသို့ ပြန်လည်ဝင်ရောက်လာသည့် မြန်မာလုပ်သားနှစ်သိန်းကျော်ရှိ ပြီဖြစ်ကြောင်း ၎င်းကပြောသည်။ 

‘‘နေပူထဲမှာ တန်းစီစောင့် ဆိုင်းနေရတာ။ နေအရမ်းပူတော့ ထိုင်းအာဏာပိုင်တွေက ရေနဲ့ မုန့် တွေ ဝေပေးတာရှိပါတယ်။ ဒီ ရက်ပိုင်းမှာ ပြန်ဝင်လာတဲ့သူတွေ က အရမ်းများနေတာ’’ ဟု ထိုင်း ရောက်မြန်မာလုပ်သားများအ ရေးကူညီနေသူ ကိုသားကြီးက ပြောသည်။ 

ထိုင်းနိုင်ငံအတွင်း အလုပ် လုပ်ကိုင်နေသော မြန်မာလုပ် သားများသည် လုပ်ငန်းခွင်ဝင် ရောက်ရန် နှစ်ဆန်း ၁ ရက်နေ့က စတင်၍ ထိုင်းနိုင်ငံသို့ ပြန်လည် ၀င်ရောက်ခြင်းဖြစ်သည်။ 

ထိုင်းအစိုးရက မြန်မာလုပ် သားများကို ယခုနှစ်သင်္ကြန်ပွဲ တော်ကာလနားရက်အဖြစ် ဧပြီ ၅ ရက်မှ ၃၀ ရက်အထိ ၂၅ ရက် သတ်မှတ်ခွင့်ပေးထားသည်။ 

ထို့ကြောင့် နေရပ်ပြန်မြန်မာ လုပ်သားများအနေဖြင့် ခွင့်ပြုပေး ထားသည့်နောက်ဆုံးနေ့မတိုင်မီ ပြန်လည်ဝင်ရောက်ရမည်ဖြစ်ပြီး အကြောင်းအမျိုးမျိုးကြောင့် သတ်မှတ်ရက်အမီ ထိုင်းနိုင်ငံသို့ ပြန်လည်မ၀င်ရောက်နိုင်သူများ ဒဏ်ကြေးအဖြစ် ဘတ်နှစ်ထောင် (ကျပ်တစ်သိန်းခန့်) ပေးဆောင် ရမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံဆိုင် ရာ မြန်မာအလုပ်သမားသံအရာ ရှိရုံးက ကြေညာထားသည်။ 

ထိုဒဏ်ကြေးသည် မေလ တစ်လအတွင်း ပြန်လည်ဝင် ရောက်သူများသာဖြစ်ပြီး မေလ ၃၁ ရက်အမီပြန်လည်ဝင်ရောက် နိုင်ခြင်းမရှိပါက စာချုပ်ဖျက်သိမ်း ပြီး နှစ်နိုင်ငံသဘောတူစာချုပ် (MoU) စနစ်ဖြင့်သာ ၀င်ရောက်ရ မည်ဖြစ်သည်။ 

နေရပ်ပြန်မြန်မာလုပ်သား များအနေဖြင့် ဂိတ်အ၀င်၊အ ထွက်များတွင် အိမ်ပြန်တံဆိပ် တုံးကြီးထုရန် မလိုအပ်သကဲ့သို့ မည်သည့်ငွေမျှပေးဆောင်ရန် မလိုကြောင်း ထိုင်းနိုင်ငံလူဝင်မှု ကြီးကြပ်ရေးဌာနက ဧပြီ ၄ ရက် တွင် ကြေညာသည်။ သို့သော် သတ်မှတ်ရက်အတွင်း အချိန်မီ ပြန်လည်ဝင်ရောက်မလာသူများ ယခင် ဗီဇာသက်တမ်းရှိသ လောက် အသစ်ပြန်ထုရမည်ဖြစ် ပြီး ဒဏ်ကြေးအဖြစ် ဗီဇာထုခ ဘတ်နှစ်ထောင်ပေးဆောင်ရမည် ဟု ကြေညာထားသည်။ 

သင်္ကြန်ပွဲတော်ကာလနား ရက်ခွင့်ဖြင့် နေရပ်ပြန်မည့်ထိုင်း နိုင်ငံရောက်မြန်မာလုပ်သားများ လမ်းခရီး အဆင်ပြေစေရေး အယုဒ္ဓယမြို့တွင် အလုပ်သမား သံအရာရှိတစ်ဦးထားရှိ၍ ကူညီ နေကြောင်း ဦးစန်းမောင်ဦးက ပြောသည်။ 

မြန်မာလုပ်သားများစီးနင်း လိုက်ပါမည့် ယာဉ်များကြံ့ခိုင်မှု စစ်ဆေးခြင်း၊ တရားဝင်မှတ်ပုံ တင်ထားခြင်း၊ ယာဉ်အာမခံထား ရှိမှုစစ်ဆေးခြင်း၊ ယာဉ်အချက်အ လက်များစစ်ဆေးခြင်းနှင့်သင်္ကြန် ကာလအတွင်း ပြေးဆွဲမည့်ခရီး စဉ်များ ကြိုတင်စစ်ဆေးခြင်းကို မိမိတို့စီးနင်းလိုက်ပါမည့် ယာဉ်များ Land Transport Department နှင့် ညှိနှိုင်းဆောင်ရွက် ပြီးဖြစ်ကြောင်း မြန်မာအလုပ်သမားသံအရာရှိရုံးက ထုတ်ပြန်ထားသည်။

7Day

0 comments:

Post a Comment