Monday, April 29, 2019

မြိတ်မြို့၌ ယနေ့ပြုလုပ်မည့် ခြေဥပုဒ်မ ၅၉(စ) မပြင်ရေး ဟောပြောပွဲနေရာ ထွေအုပ်ခွင့်မပြု

မြိတ်မြို့တွင် ယနေ့ပြု လုပ်မည့် ပုဒ်မ ၅၉(စ) မပြင်ဆင်ရေး အခမ်းအနားကျင်းပမည့်မြေနေရာ ခွင့်ပြုချက်မရသော်လည်း အမျိုးသားရေး တက်ကြွလှုပ်ရှား သူများက ဆက်လက်ပြုလုပ်ရန် လက်ကမ်းစာစောင်များ ဖြန့်ဝေ နေကြောင်း မြို့ခံများက ပြော သည်။ 
‘‘ကြေညာထားတော့ ဘော လုံးကွင်းပဲ ကြေညာထားတယ်။ သူတို့ ရတဲ့နည်းနဲ့ လုပ်မယ်ထင် တယ်’’ဟု မြိတ်မြို့ခံတစ်ဦးက ပြောသည်။ 

ဧပြီ ၂၉ ရက် မွန်းလွဲ ၃ နာရီမှ ည ၇ နာရီအထိ မြိတ်မြို့ မြိတ်တောင်ကျေးရွာအုပ်စုရှိ အရှေ့သိမ် (ဘောလုံးကွင်း) အတွင်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ သမ္မတအရည်အချင်း သတ်မှတ်ချက်ဆိုင်ရာပုဒ်မ ၅၉(စ) မပြင် ဆင်ရေးနှင့် တိုင်း၊ ပြည်နယ် ၀န်ကြီးချုပ်များ ခန့်အပ်မှုဆိုင်ရာပုဒ်မ ၂၁၆ အမြန်ဆုံးအတည်ပြုနိုင်ရေးခေါင်းစဉ်ဖြင့် ထောက်ခံပွဲပြုလုပ်မည်ဖြစ်၍ ခွင့်ပြုရန် ဦးဆောင်သူများက ဧပြီ ၂၂ ရက်စွဲဖြင့် မြို့နယ်အုပ်ချုပ်ရေးမှူးထံ စာတင်ခဲ့ သည်။ 

မြို့နယ်အုပ်ချုပ်ရေးမှူးက ယင်းမြေနေရာသည် အစိုးရစီမံ ခန့်ခွဲခွင့်ရှိသောမြေနှင့် မြေပေး အမိန့်ချထားပေးပြီးသော မြေများ အတွင်း ကျရောက်နေသဖြင့် ခွင့် ပြု၍မရကြောင်း ဧပြီ ၂၅ ရက်တွင် အကြောင်းပြန်ခဲ့သည်။ 

‘‘ကျွန်တော်က မြေရာဇ၀င် ကို စစ်ဆေးလိုက်တဲ့အချိန်မှာ လူတွေနာမည်နဲ့ မြေချလက်မှတ် ချထားပေးတဲ့ မြေတွေဖြစ်နေ တယ်။ ဒါကြောင့် မြေအသုံးချခွင့် ကို ခွင့်ပြုလို့မရပါဘူးပဲ ပြောတာ၊ မလုပ်ပါနဲ့လို့ ပြောတာမဟုတ် ဘူး။ သူတို့က ခွင့်တောင်းတဲ့အ တွက် ခွင့်ပြုပေးလို့မရပါဘူးလို့ ပြန်ကြားတာပါ’’ဟု ထောက်ခံပွဲ ပြုလုပ်မည့် မြေနေရာကိစ္စနှင့်ပတ် သက်၍ မြိတ်မြို့နယ် ခေတ္တအုပ် ချုပ်ရေးမှူး ဦးခင်မောင်သန်းက ရှင်းပြသည်။ 

ထောက်ခံပွဲ တက်ရောက် လာသူများက ဧပြီ ၂၉ ရက် မွန်းလွဲ ၂ နာရီခွဲတွင် မြိတ်မြို့ အောင်မင်္ဂလာစာသင်တိုက်၌ လူစု၍ အောင်မင်္ဂလာလမ်းမှ မြိတ်တောင်ဘောလုံးကွင်းအထိ ချီ တက် လမ်းလျှောက်မည်ဖြစ်ပြီး ဦးဝီရသူ ဦးဆောင်ဟောပြောမည်ဟု လက်ကမ်းစာစောင်၌ ဖော် ပြထားသည်။ 

ယနေ့ပြုလုပ်မည့် ထောက် ခံပွဲနှင့်ပတ်သက်၍ ငြိမ်းစုစီဥပဒေ အရ ပွဲဖြစ်မြောက်ရေး ဦးဆောင် သူများက ရဲတပ်ဖွဲ့ထံ တရားဝင် လျှောက်ထားသဖြင့် ဥပဒေနှင့် အညီ လက်ခံထားကြောင်း မြိတ် မြို့နယ် ရဲတပ်ဖွဲ့ရဲအရာရှိတစ်ဦး က ဧပြီ ၂၈ ရက် ညနေ ၅ နာရီခန့် တွင်ပြောသည်။ 

ယင်းကိစ္စနှင့် ပတ်သက် ၍ 7Day Daily သတင်းစာက ထောက်ခံပွဲ ဦးဆောင်စီစဉ်သူများထံ ကြိုးစားဆက်သွယ်သော် လည်း ဆက်သွယ်မရပေ။

7Day

0 comments:

Post a Comment