Monday, April 29, 2019

အနည်းဆုံးအခကြေးငွေ တစ်နှစ်တစ်ကြိမ် ပြင်ဆင်သတ်မှတ်ပေးရန် မေဒေးနေ့တွင် တောင်းဆိုမည်

အနည်းဆုံးအခကြေး ငွေကို တစ်နှစ်လျှင်တစ်ကြိမ်ပြင် ဆင်သတ်မှတ်ရန် မေဒေး (အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့)နေ့တွင် အလုပ်သမားရာနှင့်ချီ၍ လမ်းလျှောက်တောင်းဆို မည်ဟု မြန်မာနိုင်ငံစက်မှုလက်မှု နှင့်ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (MICS-TUSF) လက်ထောက် အတွင်းရေးမှူးဦးနေလင်းအောင် က ပြောသည်။ 
မေလ ၁ ရက်တွင်ကျရောက် သည့်မေဒေးနေ့၌ အလုပ်သ မားများက တောင်းဆိုချက်များ နှင့် ပြုလုပ်လေ့ရှိပြီး ယခုနှစ်တွင် အနည်းဆုံးအခကြေးငွေကို တစ် နှစ်လျှင် တစ်ကြိမ်ပြင်ဆင်ပေးရန် ဆိုသည့်အချက်ကို ပထမဆုံး ထည့်သွင်းထားခြင်းဖြစ်သည်။ 

ယခုနှစ်တွင် အဆိုပါ တောင်းဆိုချက်အပြင် အပြည် ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ (ILO)ပြဋ္ဌာန်းချက်အမှတ်(၉၈) ကို အစိုးရကလက်မှတ်ရေးထိုး ရန်၊ အလုပ်သမားတရားရုံးအမြန် ပေါ်ပေါက်ရန်၊ ခွင့်ရက်နှင့်အလုပ် ပိတ်ရက်နည်းဥပဒေကို အမြန် ဆုံး ပြန်လည်ပြင်ဆင်ပေးရန်၊ သမဂ္ဂဖြိုခွဲမှုများကို ထိရောက် စွာအရေးယူပေးရန်၊ အလုပ်သ မားဥပဒေများကို ပြင်ဆင်ရေးဆွဲ ရာတွင် အလုပ်သမားများ၏ သ ဘောဆန္ဒကို ထည့်သွင်းရေးဆွဲ ပေးရန်ဆိုသည့်အချက်များကို ယခင်နှစ်များကအတိုင်း ဆက် လက်ထည့်သွင်းတောင်းဆိုမည် ဟု ဦးနေလင်းအောင်ကဆိုသည်။ 

‘‘အနည်းဆုံးအခကြေးငွေ ကို ၂ နှစ်တစ်ကြိမ်ပြင်ဆင်တာက တက်လာတဲ့ကုန်ဈေးနှုန်းတွေနဲ့ ဘယ်လိုမှအဆင်မပြေဘူး။ ဒါ ကြောင့် တစ်နှစ်တစ်ကြိမ်ပြင်ဆင် ပေးဖို့ဆိုတဲ့အချက်ထည့်သွင်း တောင်းဆိုဖို့ဖြစ်လာတာ’’ ဟု ၎င်း ကပြောသည်။ 

အနည်းဆုံးအခကြေးငွေကို တစ်နှစ်လျှင် တစ်ကြိမ်ပြင်ဆင် သတ်မှတ်ပေးရန် အစိုးရတာဝန်ရှိ သူများကို အစည်းအဝေးများတွင် နှုတ်ဖြင့်တင်ပြဖူးပြီး တရားဝင် ကြွေးကြော်တောင်းဆိုခြင်းမှာ ပထမဆုံးဖြစ်လာမည်ဟု ဦးနေ လင်းအောင်က ဆိုသည်။ 

‘‘အစိုးရနဲ့လုပ်ငန်းရှင်ဘက် ကတော့ ဒီတောင်းဆိုချက်ကို လွယ်လွယ်နဲ့လက်ခံမယ်လို့တော့ မထင်ဘူး။ ဒါပေမဲ့ ကျွန်တော်တို့ ကတော့ မရမချင်းတောင်းဆိုမှု တွေ တိုးမြှင့်လုပ်သွားမှာပဲ’’ ဟု ၎င်းကပြောသည်။ 

အနည်းဆုံးအခကြေးငွေကို ယခင်နှစ်မေလက ဒုတိယအကြိမ် ပြင်ဆင်သတ်မှတ်ပြီး လာမည့် မေလတွင် ပြင်ဆင်ကျင့်သုံးမှု တစ်နှစ်ပြည့်မည်ဖြစ်သည်။ 

အဆိုပါလမ်းလျှောက်ချီ တက်တောင်းဆိုခြင်းကို သခင်မြ ပန်းခြံမှ မဟာဗန္ဓုလပန်းခြံအထိ ပြုလုပ်မည်ဖြစ်ကာ အလုပ်သမား ဦးရေ ၇၀၀ ခန့်ပါဝင်ရန်လျာထား ကြောင်း MICS-TUSF က ထုတ် ပြန်ထားသည်။

7Day

0 comments:

Post a Comment