Monday, April 29, 2019

အာဆီယံနိုင်ငံတကာ ရုပ်ရှင်ပွဲတော်တွင် ‘မီနှင့် ရွှေကြာ’ဇာတ်ကားများ ဆုရရှိ


မလေးရှားနိုင်ငံတွင် ပြုလုပ်သည့် အာဆီယံ နိုင်ငံတကာ ရုပ်ရှင်ပွဲတော် ၂၀၁၉ တွင်မီနှင့် ရွှေကြာဇာတ်ကား ဆုတစ်ဆုစီ ရရှိသည်။ 
မီဇာတ်ကားဖြင့် ဒါရိုက်တာဏကြီးက Best Director ofPhotography ဆု ရရှိပြီး ပိုင်ဖြိုးသုကိုယ်တိုင် ဆုချီးမြှင့်ပေးခဲ့သည်။ ဒါရိုက်တာဏကြီးက အဆိုပါ ဆုကို လုံးဝမျှော်လင့် မထားကြောင်း နှင့် ယင်းရုပ်ရှင်ပွဲတော်တွင် ဇာတ်ကားကောင်းများစွာ ပါဝင်ပြခဲ့သောကြောင့် ဇာတ်ကားကောင်းများကို ရိုက်ကူးသူများအတွက် ဂုဏ်ယူကြောင်း ၎င်း၏ ကျေးဇူးတင်စကားတွင် ထည့်သွင်းပြော ကြားသည်။ 
အဆိုပါ ဆုပေးပွဲအခမ်းအနားတွင် ပိုင်ဖြိုးသုက ဖိလစ်ပိုင်သရုပ်ဆောင် Therese Malvar နှင့်အတူ Best Director ofPhotography ဆု နှင့် BestScreenplay ဆုများကြေညာပေးပြီး Best Director of Photo- graphy ဆုကို ဖိလစ်ပိုင်သရုပ်ဆောင်က ကြေညာပေးကာပိုင်ဖြိုးသုက ဆုချီးမြှင့်ပေးခဲ့သည်။ 
မီဇာတ်ကားသည် ယင်းရုပ်ရှင်ပွဲတော်မှ ပေးအပ်သည့် ဆုများအနက် ဆုသုံးဆုတွင် ဆန်ခါတင် ငါးဦးအဆင့်အထိ ပါဝင်ခဲ့သော်လည်း Best Director of Photo-graphy ဆုတစ်ဆုသာ ရရှိခဲ့သည်။ 
ထို့အပြင် ရွှေကြာ ဇာတ်ကားသည် အကောင်းဆုံး အမျိုးသားဇာတ်ပို့ သရုပ်ဆောင်ဆုအတွက် ဆန်ခါတင် ငါးဦးအဆင့်အထိ ပါဝင်သော်လည်း ဆုမရရှိဘဲဒိုင်လူကြီးများ ပေးအပ်သည့် Special Jury Award ဆုသုံးဆုအနက် တစ်ဆုရရှိရာ ဒါရိုက်တာဝိုင်းက ဆုလက်ခံခဲ့သည်။ 
‘‘ဘာပြောရမှန်းတောင် မသိပါဘူး။ အရမ်းပျော်ရွှင်ရပါတယ်။ AIFFA နဲ့ အားလုံးကို ကျေးဇူးတင်ပါတယ်’’ဟု ဒါရိုက်တာဝိုင်းက ပြောကြားခဲ့သည်။ 

အဆိုပါ ရုပ်ရှင်ပွဲတော်တွင် ပါဝင်ရန် မီနှင့် ရွှေကြာဇာတ်ကား များကို Colour Grading ပြုလုပ်ခဲ့သည့် Yangon Post မှ အကြံပေးသောကြောင့် ဝင်ရောက်ပြ သရန် စီစဉ်ခြင်းဖြစ်ကြောင်း မီဇာတ်ကား ထုတ်လုပ်သူ ဒေါက် တာနွယ်ဦးက ပြောကြားထား သည်။ ယင်းရုပ်ရှင်ပွဲတော်သို့ ပေးပို့လာသည့် ဇာတ်ကားပေါင်း ၂၀၀ ကျော်အနက် ဆန်ခါတင် ၂၉ ကားပြသရန် ရွေးချယ်ခဲ့ပြီး မြန်မာနိုင်ငံမှ မီနှင့်ရွှေကြာဇာတ်ကားတို့ပြသခွင့်ရရှိခြင်းဖြစ်သည်။ 
အာဆီယံ နိုင်ငံတကာ ရုပ်ရှင်ပွဲတော်ကို ဧပြီ ၂၅ ရက်မှ ၂၇ ရက်အထိ ပြုလုပ်ပြီး ဆုပေးပွဲ အခမ်းအနားကို ဧပြီ ၂၇ ရက်က ပြုလုပ်ခဲ့ကာ စုစုပေါင်း ဆု ၁၅ ဆုချီးမြှင့်ခဲ့သည်။

7Day

0 comments:

Post a Comment