Sunday, April 28, 2019

အများပြည်သူဆိုင်ရာလမ်းမပေါ်တွင် ဆဲဆိုပါက တရားစွဲဆိုနိုင်ပြီး ထောင်ဒဏ် ၃ လအထိ ကျခံနိုင်


အများပြည်သူဆိုင်ရာလမ်းမပေါ်တွင် ညစ်ညမ်းစွဆဲဆိုပါက ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၂၉၄ အရ တရားစွဲဆိုနိုင်ကြောင်း တရားလွှတ်တော်ရှေ့ နေဦးငိုင်ဆာ့ခ်က ပြောသည်။ 
ချင်းပြည်နယ်မတူပီတွင် ဧပြီလနောက်ဆုံးပတ်အတွင်းကျင်းပသည့် ဥပဒေရေးရာဆိုင်ရာဟောပြောပွဲတွင် ယခုကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။ 

“ကိုယ့်ကိုဆဲတာတော့မဟုတ်ဘူး။ သူ့ဘာသာလမ်းမပေါ်မှာအော်ဆဲတယ်။ ဒါပေမဲ့ အများပြည်သူဆိုင်ရာ လမ်းမပေါ်မှာဆဲတော့ ဒါက ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၂၉၄ နဲ့တရားစွဲလို့ရတယ်။ အများပြည်သူဆိုင်ရာလမ်းမှာ ညစ်ညမ်းစွာအော်ဟစ်ဆဲဆိုတာပေါ့။ ဒါကထောင်ဒဏ် ၃လအထိကျနိုင်တဲ့ ပြစ်မှုဖြစ်တယ်’’ ဟု တရားလွှတ်တော်ရှေ့ နေဦးငိုင်ဆာ့ခ်က ပြောသည်။ 
ထို့အပြင် တက္ကသိုလ်ကျောင်းများတွင်ဖြစ်စေ၊ အများပြည်သူဆိုင်ရာနေရာများတွင် ဆဲဆိုပါကအဆိုပါ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၂၉၄ ကဖြင့်ငြိစွန်းကြောင်း သိရသည်။ 

သို့သော် မြို့နယ်ရဲစခန်းများတွင် အဆိုပါဆဲဆိုမှုများကို သက်ဆိုင်ရာ တာဝန်ကျရဲတပ်ဖွဲ့ဝင်အချို့မှ အမှုဖွင့်ပေးရန်နှောင့်နှေးနေတတ်ပြီး ဆဲဆိုခံရသူများအားဖြောင်းဖြကာ ပြန်လည်စေလွှတ်ခြင်း ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများနှင့်သာသက်ဆိုင်သည်ဟု ငြင်းလွှတ်ခြင်းတို့ရှိကြောင်း သိရသည်။ 

ပုဒ်မ ၂၉၄ သည် ပြစ်မှုဆိုင်ရာဥပဒေပြဋ္ဌာန်းချက်အရရဲအရေးပိုင်သောပြစ်မှုဖြစ်ပြီး အာမခံပေးခွင့်ရှိကာ ရဲအရေးမယူပေးပါက တရားရုံးသို့ဦးတိုက်လျှောက်ထားနိုင်ကြောင်း သိရသည်။ 


မင်းသီဟန်(အကုန်သိသတင်းဌာန)

0 comments:

Post a Comment