Monday, April 29, 2019

မန္တလေးရှိ အအေးဆိုင်ကို မျက်နှာဖုံးစွပ်လူတစ်စုက ၀င်ရောက်ဖျက်ဆီး


မန္တလေးမြို့ ၆၄ လမ်းပေါ်ရှိ NiMi Drink အအေးဆိုင် ကို ဧပြီ ၂၆ ရက် ညက မျက်နှာဖုံးစွပ်လူတစ်စုက ၀င်ရောက်ဖျက်ဆီးခဲ့သဖြင့် ပိုင်နက်ကျူးလွန်မှုဖြင့် အမှုဖွင့်ထားပြီး အရေးယူနိုင်ရန် စစ်ဆေးနေကြောင်း ချမ်းမြသာစည်မြို့နယ်ရဲစခန်းမှ ဒုရဲမှူးဇော်နိုင်ကပြောသည်။ 
ဧပြီ ၂၆ ရက် ည ၉ နာရီခွဲ ဆိုင်ပိတ်ချိန်တွင် လူခြောက်ဦးပါ အဖွဲ့သည် ဆိုင်ပိုင်ရှင် ကိုအောင်အောင်ကျော်ကို ပုဂ္ဂိုလ်ရေးဆိုင် ရာ မကျေနပ်မှုဖြင့် လက်ထဲ၌ တူများကိုင်ကာ ဝန်ထမ်းများကိုဘေးဖယ်ခိုင်း၍ ဆိုင်ရှိပစ္စည်းများ ရိုက်ခွဲကာ ဖျက်ဆီးခြင်းဖြစ်ပြီး ‘အောင်အောင်ကျော် မင်းကို နောက်ဆုံးသတိပေးခြင်းပဲ။ မင်းဆိုင် မင်းပိတ်ပြီး ကိုယ့်လမ်းကိုယ်လျှောက်ပါ’ဟူသော စာကို ချန်ထားခဲ့ကြောင်း ဆိုင်ဝန်ထမ်းများကပြောသည်။ 

ဆိုင်သည် ည ၉ နာရီတွင် ပုံမှန်ပိတ်ပြီး ဧည့်သည်မရှိချိန် တမင်ဝင်လာကာ ဖျက်ဆီးခြင်း ဖြစ်ကြောင်း၊ လူထိခိုက်မှု မရှိသော်လည်း ခြိမ်းခြောက်သည့် သဘောဖြင့် ဖျက်ဆီးခြင်းဖြစ် ကြောင်း ကိုအောင်အောင်ကျော် က ပြောသည်။ 

အခင်းဖြစ်ပွားသည့် ညပိုင်းကပင် တရားလိုက လာရောက်တိုင်ကြားသဖြင့် ပုဒ်မ ၄၅၀ (တစ်သက်တစ်ကျွန်းထိုက်သည့် ပြစ်မှုကို ကျူးလွန်ရန် အိမ်ကျော်နင်းမှု)ဖြင့် အမှုဖွင့်ပြီး စစ်ဆေးနေကြောင်း၊ ရဲတပ်ဖွဲ့၏ စစ်ဆေးပေါ်ပေါက်ချက်အရ အရေးယူမည်ဖြစ်ကြောင်း ဒုရဲမှူးဇော်နိုင်ကပြော သည်။

7Day

0 comments:

Post a Comment