Sunday, April 28, 2019

ဇွဲကပင်တောင် ကေဘယ်ကားစက်ပစ္စည်းအစိတ်အပိုင်းများကို တပ်မတော် ရဟတ်ယာဉ်ဖြင့် တောင်ပေါ်သို့ တင်ဆောင်



ကရင်ပြည်နယ် ဘားအံမြို့နယ် ဇွဲကပင်တောင်ပေါ်နှင့် လုမ္ဗိနီဥယျာဉ်၌ တပ်ဆင်တည်ဆောက်မည့် ဇွဲကပင်ကေဘယ်ကားစီမံကိန်းအတွက် စက်ပစ္စည်းအစိတ်အပိုင်းများကို တပ်မတော် ရဟတ်ယာဉ်ဖြင့် တောင်ပေါ်သို့ တင်ဆောင်ပေးလျက်ရှိသည်။ 

ဇွဲကပင်တောင်ပေါ်အခြေစိုက် ကေဘယ်ကားစခန်းတည်ဆောက်ရန်အတွက် စက်ပစ္စည်း အစိတ်အပိုင်းများတင်ဆောင်ခြင်းကို ယနေ့ ဧပြီ လ ၂၉ ရက်တွင်စတင်တည်ဆောက်နေခြင်းဖြစ်ပြီး ကော့မူးနုတ်ကျေးရွာ ဒူဝေဘောလုံးကွင်းမှ တပ်မတော် ရဟတ်ယာဉ်ဖြင့် တင်ဆောင်ခြင်းလုပ်ငန်းအား စက်ပစ္စည်းသယ်ဆောင်ခြင်းလုပ်ငန်းကို ၂ ရက်ကြာ လုပ်ဆောင်မည်ဖြစ်သည်။ 

အဆိုပါစီမံကိန်းကို ချစ်လင်းမြိုင် တိုယိုတာကုမ္ပဏီလီမိတက်နှင့် ဇွဲကပင်မြေဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီလီမိတက်တို့က အကောင်အထည်ဖော်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။ 



ကဆောဝါး 
News Watch 

0 comments:

Post a Comment