Sunday, April 28, 2019

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ပထမဆုံးကမ္ဘောဒီးယား ခရီးစဉ်စတင်

နိုင်ငံတော်၏အတိုင် ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစု ကြည်သည် ကမ္ဘောဒီးယားဝန်ကြီး ချုပ် ဟွန်ဆန်၏ ဖိတ်ကြားချက် အရ ယနေ့ (ဧပြီ ၂၉ ရက်)မှ မေလ ၁ ရက်အထိ ကမ္ဘောဒီးယား သို့ သွားရောက်မည်ဖြစ်သည်။ 
ဘေဂျင်းမှ ဖနွမ်းပင်သို့သွား ရောက်မည့် အဆိုပါခရီးစဉ်အ တွင်း ကမ္ဘောဒီးယားဘုရင်၊ ၀န် ကြီးချုပ်၊ လွှတ်တော်ဥက္ကဋ္ဌတို့နှင့် သီးခြားစီ တွေ့ဆုံမည်ဖြစ်ကြောင်း ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန် ကြီးဌာနက သတင်းထုတ်ပြန်ထား သည်။ 

ယင်းသည် လက်ရှိအစိုးရ လက်ထက် ဒေါ်အောင်ဆန်းစု ကြည်၏ ပထမဆုံး ကမ္ဘောဒီးယား ခရီးစဉ်ဖြစ်ပြီး ခရီးစဉ်အတွင်း ကဏ္ဍစုံ နှစ်နိုင်ငံပူးပေါင်းဆောင် ရွက်ရေးနှင့် နှစ်နိုင်ငံချစ်ကြည်ရင်း နှီးမှုကို တိုးချဲ့ရန် ဆွေးနွေးမည်ဟု ထုတ်ပြန်ချက်၌ ဆက်လက်ဖော် ပြသည်။ 

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်သည် ယမန်နေ့တွင် ဘေ ဂျင်းမြို့၌ တရုတ်ပြည်သူ့နိုင်ငံရေး အကြံပေးကွန်ဖရင့် (CPPCC) ဥက္ကဋ္ဌ မစ္စတာဝမ်ယံနှင့် နိုင်ငံ တော်ဧည့်ဂေဟာတွင် မြန်မာ- တရုတ်နှစ်နိုင်ငံကိစ္စရပ်များ ဆွေး နွေးသည်။ ဆွေးနွေးချက်အသေး စိတ်ကို မြန်မာနိုင်ငံခြားရေးဝန် ကြီးဌာနနှင့် အစိုးရက ယမန်နေ့ တွင် ထုတ်ပြန်ခြင်းမရှိပေ။ 

ဒုတိယအကြိမ်မြောက် ရပ် ဝန်းနှင့် ပိုးလမ်းမအပြည်ပြည် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ်သို့ တက်ရောက်ရန်ဘေဂျင်း သို့ သွားရောက်သော ဒေါ်အောင် ဆန်းစုကြည်၏ တရုတ်ခရီးစဉ် သည် ယမန်နေ့တွင် ပြီးဆုံးပြီး ယင်းခရီးစဉ်အတွင်း မြန်မာပြည် သူလူထု စိတ်ဝင်စားမှုမြင့်တက် နေသည့် မြစ်ဆုံစီမံကိန်းအ ကြောင်း ဆွေးနွေးခြင်းမရှိကြောင်း အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူး ချုပ် ဦးဇော်ဌေးက ဧပြီ ၂၆ ရက် တွင် ပြောကြားထားသည်။

7Day

0 comments:

Post a Comment