Monday, April 29, 2019

လက်ယာစွန်းများ ခေါင်းထောင်လာသော စပိန်ရွေးကောက်ပွဲ စတင်မဲပေး


စပိန်နိုင်ငံသားများ သည် လေးနှစ်အတွင်း တတိယအကြိမ်ကျင်းပသော ရွေးကောက်ပွဲတွင် စတင်မဲပေးနေကြသည်။ ယင်းရွေးကောက်ပွဲသည် လက်ယာစွန်းလှုပ်ရှားမှု Vox အ ဖွဲ့ ခေါင်းထောင်လာချိန်တွင် ဖြစ် ပေါ်လာခြင်းဖြစ်သည်။ Vox အဖွဲ့ က ယဉ်ကျေးမှုစုံဝါဒကို ဆန့်ကျင် ပြီး ကက်တာလိုနီးယားကဲ့သို့ ဒေ သများအတွက် ကိုယ်ပိုင်အုပ်ချုပ် ခွင့်ကို အဆုံးသတ်မည်ဟု ခြိမ်း ခြောက်ထားသည်။ 
ဆိုရှယ်လစ်ဝန်ကြီးချုပ် ပက် ဒရိုဆန်းချက်ဇ်က မိမိကိုယ်ကိုယ် လက်ယာစွန်းများ ခေါင်းထောင် လာမှုကို ကာကွယ်သူအဖြစ် ပုံ ဖော်ထားသည်။ 

ဝန်ကြီးချုပ်၏ ပါတီသည် ရွေးကောက်ပွဲကို ဦးဆောင်မည် ဖြစ်သော်လည်း မည်သည့်ပါတီ ကမျှ ပြတ်ပြတ်သားသား အနိုင်ရမည်မဟုတ်ဟု စစ်တမ်းများက တွေ့ရှိခဲ့သည်။ 

ရွေးကောက်ပွဲတွင် ဆိုရှယ် လစ်များ (PSOE)က ၃၀ ရာခိုင် နှုန်း၊ ကွန်ဆာဗေးတစ်ပြည်သူ့ပါတီ(PP)က ၂၀ ရာခိုင်နှုန်း၊ဗဟိုနှင့် လက်ယာယိမ်း Ciudadanos နှင့် လက်ဝဲယိမ်း Pademos ပါတီ တို့က ၁၄ ရာခိုင်နှုန်းစီနှင့် လက် ယာစွန်း Vox အဖွဲ့က ၁၁ ရာခိုင် နှုန်းခန့် မဲရရှိနိုင်သည်ဟု EL Pais သတင်းစာစစ်တမ်းက တွေ့ရှိခဲ့ သည်။ 

သို့သော် မဲဆန္ဒရှင် ၁၀ ဦး လျှင် လေးဦးအထိ မည်သည့်ပါတီကို မဲပေးမည်ဟု မဆုံးဖြတ်ရသေးကြောင်း စစ်တမ်းက ဖော် ပြသည်။ 

မဲပေးသည့် နံနက် ၉ နာရီတွင် စတင်ပြီး ညနေ ၈ နာရီ၌ အ ဆုံးသတ်မည်ဖြစ်သည်။

7Day

0 comments:

Post a Comment